လှိုင်းဘွဲ့၊ ရွှေဂွန်းရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးစစ်ကောင်စီဘက်က ငါးဦးသေဟု ဒေသခံပြော

လှိုင်းဘွဲ့၊ ရွှေဂွန်းရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးစစ်ကောင်စီဘက်က ငါးဦးသေဟု ဒေသခံပြော

ဖေဖော်ဝါရီလ ၄ ရက်

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးစစ်ကောင်စီလက်အောက်ခံ ရဲ သုံးဦး၊ ပျူစောထီးတစ်ဦးနှင့် ကရင်နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့ဝင် တစ်ဦး စုစုပေါင်း ငါးဦးသေဆုံးသွားကြောင်းဒေသခံများက မဇ္ဈိမကို ပြောသည်။

ရွှေဂွန်းရဲစခန်းသည် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၈ နာရီမှ ၉ နာရီအထိ ဒရုန်းဖြင့် ဗုံးသီးလေးလုံးချ တိုက်ခိုက်ခံလိုက်ရသည်ဟု ယင်းဖြစ်စဥ်ကို သိရှိိထားသည့် လုံခြုံရေးအရ အမည်မ‌ဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်။

“လှိုင်းဘွဲ့အပိုင်က ရွှေဂွန်းရဲစခန်း တိုက်ခိုက်ခံရတာပါ။ရဲသုံးယောက်၊ ဒလန်တစ်ယောက်၊ BGF တစ်ယောက်သေတယ်။ ဒရုန်းနဲ့ဗုံးကြဲတာ။ ဘယ်အဖွဲ့က လုပ်တာလဲတော့ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက မဇ္စျိမကို ပြောသည်။

ရွှေဂွန်းတိုက်နယ်အတွင်းပါဝင်သော ရွှေဂွန်းရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်များအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်း တပ်စွဲထားသည့် စခန်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ တပ်မဟာ ခုနစ်ခုအနက် တပ်မဟာ ခြောက်ခုတွင် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly