အိန္ဒိယနှင့်တရုတ်နယ်စပ် လာဒက်အရှေ့ပိုင်းရှိ တပ်များ၏ တိုက်ခိုက်ရေးအဆင်သင့်ဖြစ်မှုကို တရုတ်သမ္မတ စစ်ဆေး 

အိန္ဒိယနှင့်တရုတ်နယ်စပ် လာဒက်အရှေ့ပိုင်းရှိ တပ်များ၏ တိုက်ခိုက်ရေးအဆင်သင့်ဖြစ်မှုကို တရုတ်သမ္မတ စစ်ဆေး 

ဖေဖော်ဝါရီလ ၄ ရက်

တရုတ်သမ္မတရှီကျင့်ဖျင်သည် လာဒက်အရှေ့ပိုင်းရှိ အိန္ဒိယနှင့်တရုတ်နယ်စပ်တွင် တပ်စွဲထားသော တပ်သားများနှင့် အွန်လိုင်းဗီဒီယိုမှတစ်ဆင့် စကားပြောဆိုခဲ့ပြီး ၎င်းတို့၏ တိုက်ပွဲဝင်အဆင်သင့်ဖြစ်မှုကို စစ်ဆေးခဲ့ကြောင်း အစိုးရမီဒီယာက ဇန်နဝါရီလ ၂၇ ရက်တွင် ဖော်ပြသည်။ 

ရှင်ကျန်းကွပ်ကဲမှုစစ်ဌာနချုပ်အောက် ခွန်ဂျရပ်ရှိ နယ်စပ်ကာကွယ်ရေးအခြေအနေနှင့်ပတ်သက်၍ ယင်းနေရာရှိ တရုတ်စစ်တပ် (PLA) ဌာနချုပ်မှ တပ်ဖွဲ့ဝင်များအား ရှီကျင့်ဖျင်က မိန့်ခွန်းပြောကြားခဲ့သည်။ 

တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ တရုတ်စစ်တပ်ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်သည့် ရှီက မကြာသေးမီနှစ်များအတွင်း ယင်းနယ်မြေ၏ အဆက်မပြတ် ပြောင်းလဲနေပုံနှင့် စစ်တပ်အပေါ် သက်ရောက်မှုရှိခဲ့ပုံကို တပ်ဖွဲ့ဝင်များအား ပြောကြားခဲ့သည်။  

အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးမှုအတွင်း ရှီက တိုက်ပွဲဝင်အသင့်ဖြစ်မှုကို စစ်ဆေးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။  

စစ်သားတစ်ဦးက ၎င်းတို့သည် ယခုအခါ နယ်စပ်တွင် တက်ကြွစွာ လှုပ်ရှားနေပြီး အခြေအနေကို ၂၄ နာရီမပြတ် စောင့်ကြည့်နေင်း ဖြေကြားခဲ့သည်။ 

ရှီက တပ်ဖွဲ့ဝင်များ၏ အခြေအနေနှင့် ခက်ခဲသောကြမ်းတမ်းသောအရပ်တွင် လတ်ဆတ်သောအသီးအရွက်များ စားရမှု ရှိ မရှိကိုလည်း မေးမြန်းခဲ့သည်။  

အိန္ဒိယနှင့် တရုတ်တပ်များ ပန်ဂုံကန်ဧရိယာတွင် ပြင်းထန်သော ထိတွေ့မှုများ ဖြစ်ပွားပြီးနောက် ၂၀၂၀ပြည့်နှစ်၊ မေ ၅ ရက်တွင် လာဒက်အရှေ့ပိုင်းတွင် ရန်ပွဲထပ်ဖြစ်ပွားခဲ့သည်။ 

လာဒက်အရှေ့ပိုင်းနယ်စပ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့်ပတ်သက်ပြီး နှစ်ဘက်စစ်ဘက် အဆင့်မြင့် အရာရှိများသည် ၁၇ ကြိမ်တိုင် ဆွေးနွေးခဲ့ကြသော်လည်း ကျန်ပြဿနာများကို ဖြေရှင်းရာတွင် သိသိသာသာ တိုးတက်မှုမရှိခဲ့ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly