ကိုင်လီယန် အမ်ဘာပေ - ဒဏ်ရာကြောင့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မယ့် ပဲရစ်စိန့်ဂျာမိန်းတိုက်စစ်မှူး

ကိုင်လီယန် အမ်ဘာပေ - ဒဏ်ရာကြောင့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မယ့် ပဲရစ်စိန့်ဂျာမိန်းတိုက်စစ်မှူး

ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားမယ့် အသင်းရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ဗုဒ္ဓဟူးနေ့က မောင့်ပယ်လီယာကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့ပြီး သုံးပတ်ကြာ အနားယူရမှာဖြစ်ပါတယ်။

ပင်နယ်တီ နှစ်ကြိမ်နဲ့ အဖွင့်ဂိုး လွဲချော်ခဲ့တဲ့ အသက် ၂၄ နှစ်သားဟာ ပွဲချိန် ၂၁ မိနစ်အကြာ ဒဏ်ရာရခဲ့တာပါ။

ပီအက်စ်ဂျီဟာ ဂျာမန်ချန်ပီယံကို ဖေဖော်ဝါရီ ၁၄ ရက် အင်္ဂါနေ့မှာ အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

အမ်ဘာပေဟာ ဖေဖော်ဝါရီ ၈ ရက်တနေ့မှာ မာဆေးလ်အသင်းနှင့် ကစားမယ့် ပြင်သစ်ဖလားပွဲနဲ့သုံးရက်အကြာမှာ မိုနာကိုနဲ့ လီဂူးဝမ်းပွဲစဉ်ကိုလည်း လွဲချော်မှာဖြစ်ပါတယ်။

အဆိုပါတိုက်စစ်မှူးဟာ ဒီရာသီမှာ အသင်းအတွက် ၂၆ ပွဲကစားပြီး ၂၅ ဂိုး သွင်းယူထားပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ဒုတိယအကျော့ပွဲစဉ်ကို မတ် ၈ ရက်မှာ ဂျာမနီနိုင်ငံမှာ ကစားမှာဖြစ်ပါတယ်။

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly