ဆီးရီးယားရောက် တပ်ဖွဲ့များ၏ အဓိကတပ်ရင်းများအား ပြန်ခေါ်ယူရန် ပူတင် အမိန့်ပေး

ဆီးရီးယားရောက် တပ်ဖွဲ့များ၏ အဓိကတပ်ရင်းများအား ပြန်ခေါ်ယူရန် ပူတင် အမိန့်ပေး

မော်စကို၊ မတ် ၁၅ ။           ။ ရုရှသမ္မတ ဗလာဒီမာပူတင်က အံ့သြဖွယ်လုပ်ဆောင်မှုအဖြစ် ဆီးရီးယားရှိ တပ်ဖွဲ့များမှ အဓိကတပ်ရင်းများအား မတ် ၁၄ ရက်က စပြီးပြန်လည်ခေါ်ယူရန် စစ်တပ်အား အမိန့်ထုတ်လိုက်သည်။

ဆီးရီးယားအရေးတွင် ရုရှနိုင်ငံ၏ ပါဝင်စွက်ဖက်ခြင်းသည် ရည်မှန်းချက်များ အတော်များများ ပြည့်ဝကြောင်း ပူတင်က ပြောသည်။

ငါးနှစ်ကြာ ဆီးရီးယားပဋိပက္ခများ အဆုံးသတ်ရေးအတွက် ဂျီနီဗာတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲသစ်များ ကျင်းပလျက်ရှိစဉ် ရုရှသမ္မတ ပူတင်၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှနှင့် အဓိကမဟာမိတ်ဖြစ်သည့် ဆီးရီးယားသမ္မတ အာဆတ်၏ ရုံးကလည်း ပူတင်၏ လုပ်ဆောင်မှုကို သဘောတူမျှကြောင်း ထုတ်ပြန်သည်။

ရုရှသည့် ဆီးရီးယားအစိုးရ၏ ဆန္ဒလည်းပါဝင်ကာ ပြီးခဲ့သည့်စက်တင်ဘာကစပြီး လေကြောင်းထိုးစစ်များ ဆင်နွှဲခဲ့ပြီး သူပုန်များလက်အောက်က ဆီးရီးယားပိုင်နက်များအား ပြန်လည်လက်ရအောင် ထိုးစစ်များဆင်နွှဲခဲ့ခြင်းဖြစ်သည်။

“ဆီးရီးယားမှာ စစ်ရေးဆောင်ရွက်မှုက ပြည့်စုံပြီးမြောက်မှုရှိတယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ ဒါကြောင့် ဆီးရီးယားက အဓိကတပ်ဖွဲ့တွေကို ပြန်လည်ရုပ်သိမ်းဖို့ ကာကွယ်ရေးဝန်ကြီးဌာနကို အမိန့်ထုတ်ခဲ့တာဖြစ်တယ်။”ဟု ပူတင်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly