မေဆန်ဂရင်းဝုဒ်ကို အရေးယူထားတဲ့ မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု စွဲချက်တွေကို ဖယ်ရှား

မေဆန်ဂရင်းဝုဒ်ကို အရေးယူထားတဲ့ မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု စွဲချက်တွေကို ဖယ်ရှား
Photo: EPA

မုဒိမ်းကျင့်ရန် ကြိုးပမ်းမှုနဲ့ ကျူးလွန်မှုတို့ဖြင့် စွဲချက်တင်ခံထားရတဲ့ မန်ချက်စတာယူနိုက်တက် ဘောလုံးသမား မေဆန် ဂရင်းဝုဒ်ကို အမှုကနေ ရုပ်သိမ်းပေးလိုက်ပြီဖြစ်ပါတယ်။

ရုပ်ပုံတွေ၊ ဗီဒီယို သက်သေတွေနဲ့ စွပ်စွဲမှုတွေကြောင့် အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ၂၀၂၂ ဇန်နဝါရီမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

သူဟာ နောက်ပိုင်းမှာ မုဒိမ်းကျင့်ဖို့ ကြိုးပမ်းမှု၊ ချုပ်နှောင်မှု၊ အတင်းအကြပ် ပြုမူမှု၊ ကိုယ်ထိလက်ရောက် ထိခိုက်စေမှုတို့ဖြင့် စွဲချက်တင်ခံခဲ့ရတာပါ။

အဓိကသက်သေတွေ ပါဝင်ပတ်သက်မှုကနေ နုတ်ထွက်ပြီးနောက် စွဲချက်တွေကို ရပ်ဆိုင်းလိုက်ကြောင်း Crown Prosecution Service က ပြောပါတယ်။

ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "အမှုတွေကို စဉ်ဆက်မပြတ် ပြန်လည်သုံးသပ်မှုအောက်မှာ ထားရှိဖို့ ကျနော်တို့တွေမှာ တာဝန်ရှိပါတယ်။

“ဒီအမှုမှာ အဓိကသက်သေတွေ ရုပ်သိမ်းပြီး ပေါ်ပေါက်လာတဲ့ ပစ္စည်းအသစ်တွေကို ပေါင်းစပ်လိုက်တာက လက်တွေ့ကျတဲ့ စီရင်ချက်ချမယ့် အလားအလာ မရှိတော့ဘူးလို့ ဆိုလိုတာပါ။ ဒီလိုအခြေအနေမျိုးမှာ၊ ဒီအမှုကို ရပ်လိုက်ဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။

“ကျနော်တို့ ဆုံးဖြတ်ချက်ကို ပါဝင်ပတ်သက်တဲ့ အဖွဲ့အားလုံးကို ရှင်းပြပြီးပါပြီ။

“ဖြစ်နိုင်ချေရှိတဲ့ ထိခိုက်သူဘယ်သူမဆို ရဲကို တိုင်ကြားဖို့ ကျနော်တို့ အမြဲတမ်း တိုက်တွန်းထားပြီး ကျနော်တို့ရဲ့ ဥပဒေကြောင်းအရ စစ်ဆေးတွေ့ရှိတဲ့ ဘယ်နေရာမဆိုကနေ တရားစွဲဆိုသွားမှာပါ”

အင်္ဂလန်အတွက် တစ်ပွဲသာ ကစားပေးခဲ့တဲ့ အဆိုပါတိုက်စစ်မှူးဟာ ၂၀၂၂ အစမှာ စွပ်စွဲမှုတွေ ပေါ်ပေါက်လာပြီးနောက် နာရီပိုင်းအတွင်း အိုးထရက်ဖို့ဒ်ကလပ်မှာ ကစားပေးတာ ဒါမှမဟုတ် လေ့ကျင့်ရေးကနေ ရပ်ဆိုင်းတာခံခဲ့ရပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly