မှားယွင်းသောကိုဗစ်မူဝါဒများနှင့် ကာကွယ်ဆေးများကြောင့် တရုတ်နိုင်ငံ အခက်အခဲများ ကြုံတွေ့နေ  

မှားယွင်းသောကိုဗစ်မူဝါဒများနှင့် ကာကွယ်ဆေးများကြောင့် တရုတ်နိုင်ငံ အခက်အခဲများ ကြုံတွေ့နေ  

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အားနည်းချက်ရှိပြီး တိုးတက်မှုမပြသော ကန့်သတ်ထိန်းချုပ်ရေးမူဝါဒများနှင့် ထိရောက်မှုမရှိသည့် ပြည်တွင်းထုတ် ကာကွယ်ဆေးများကြောင့် နိုင်ငံသည် ကိုဗစ်-၁၉ စိန်ခေါ်မှုများနှင့်  ရင်ဆိုင်နေရကြောင်း GeoPolitica.info က ဖော်ပြသည်။

တာဝန်ရှိသူများက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလသည် ရောဂါဖြစ်ပွားမှု အမြင့်ဆုံးလအဖြစ် ထုတ်ပြန်ခဲ့သော်လည်း တရုတ်နိုင်ငံမှ သတင်းများအရ ရှန်ဟိုင်းနှင့် ပေကျင်းအပါအဝင် လူနေထူထပ်သော မြို့ကြီးများရှိ ဆေးရုံများတွင်  လူနာများ ပြည့်လျှံနေဆဲ ဖြစ်သည်ဟု ဆိုသည်။

တရုတ်အစိုးရသည် ရောဂါကူးစက်မှု ကနဦးအဆင့်များတွင် တင်းကျပ်သော အစီအမံများ ချမှတ်ထားသော ကိုဗစ်လုံးဝကင်းစင်မူဝါဒကို အစီအစဉ်မရှိဘဲ ရုပ်သိမ်းခဲ့ကြောင်း GeoPolitica.info က ဖော်ပြသည်။

တရုတ်နိုင်ငံသည် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ပြင်းထန်လွန်းသော အသွားအလာကန့်သတ်မှုများ၊ အတည်ပြုလူနာနှင့်ထိတွေ့ထားသူကို တင်းတင်းကျပ်ကျပ် ခြေရာခံစောင့်ကြည့်မှုအပြင် တာဝန်ရှိသူများကလည်း လူမဆန်သောအပြုအမူများဖြင့် ထိန်းချုပ်ကန့်သတ်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီမှ ချမှတ်ထားသော ကန့်သတ်ချက်များကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးမှာ သိသိသာသာ ကျဆင်းခဲ့သည်။ တရုတ်အစိုးရမှ ထုတ်ပြန်သော အစီအမံများသည်လည်း လူသေဆုံးမှုကို တားဆီးကောင်း တားဆီးနိုင်မည်ဖြစ်သော်လည်း တရုတ် ပြည်တွင်းထုတ် ကာကွယ်ဆေးများသည် ဗိုင်းရပ်စ်ကို အဟန့်အတား ဖြစ်လောက်အောင် ထိရောက်မှုမရှိသောကြောင့် ကိုဗစ်-၁၉ ကို သဘာဝအလျောက်  ခုခံကာကွယ်နိုင်စွမ်းမရှိတော့ဘဲ လူဦးရေ၏ ရာခိုင်နှုန်း အများအပြားကို ရောဂါကူးစက်စေခဲ့ကာ မကာကွယ်ပေးနိုင်ခဲ့ဟု GeoPolitica.info သတင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

ကပ်ရောဂါ၏ ကနဦးအဆင့်များတွင် တရုတ်အာဏာပိုင်များသည် Moderna နှင့် Pfizer အပါအဝင် ပြည်ပကာကွယ်ဆေးများကို ပယ်ချခဲ့သည်။ ပြည်တွင်းထုတ် ကာကွယ်ဆေးများဖြစ်သည့် Sinovac နှင့် Sinopharm တို့သည် ထိရောက်မှုမရှိကြောင်း တွေ့ရှိလာချိန်တွင် အဆိုပါဆုံးဖြတ်ချက်များက တရုတ်နိုင်ငံ၏ နိုင်ငံရေးခေါင်းဆောင်ပိုင်းကို ခြောက်လှန့်လာကာ အများပြည်သူကိုလည်း သေစေနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

Sinovac ၏ ထိရောက်မှုသည် အခြားနိုင်ငံများမှ ထုတ်လုပ်သော mRNA ကာကွယ်ဆေးများနှင့် နှိုင်းယှဉ်လျှင် ၅၀ ရာခိုင်နှုန်းသာ အကာအကွယ်ပေးနိုင်သောကြောင့် ကမ္ဘာ့ပြိုင်ဘက်နိုင်ငံများမှ ထုတ်သော ကာကွယ်ဆေးများထက် များစွာအားနည်းကြောင်း GeoPolitica.info က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံရှိ လူအများအပြားသည် ဗိုင်းရပ်စ်ကူးစက်မှု မခံထားရသည့်အတွက် လာမည့်လ အနည်းငယ်အတွင်း ပြည်တွင်းရှိ လူဦးရေအများအပြား ကူးစက်ခံရနိုင်ဖွယ်ရှိသည်ဟု GeoPolitica.info က ဆိုသည်။

ကာကွယ်ဆေးနှင့် ရောဂါထိန်းချုပ်ရေး ဗျူဟာနှစ်ခုစလုံးတွင် ရှုံးနိမ့်ခြင်းကြောင့်  တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူများသည် အန္တရာယ်ကျရောက်နေသည်။ ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် အာဏာရှင်ဆန်သော နည်းလမ်းများအစား စဉ်းစားချင့်ချိန်ပြီး ပြုလုပ်ပါက အန္တရာယ်များကို တားဆီးနိုင်ခဲ့ပေလိမ့်မည်ဟု သတင်းတွင် ဖော်ပြထားသည်။ တရုတ်အစိုးရမှ ထုတ်ပြန်သော မူဝါဒများသည် ခြိမ်းခြောက်မှုအဆင့်ကို မြင့်တက်လာစေပြီး ကမ္ဘာ့စီးပွားရေးကိုပါ သက်ရောက်မှုရှိလာမည်ဟု သတင်းတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly