ရုရှားသမ္မတက အာဖဂန်နစ္စတန်မှ အမေရိကန်လက်နက်များကို ရယူရန် ကြံစည်နေ

By MSN
01 February 2023
ရုရှားသမ္မတက အာဖဂန်နစ္စတန်မှ အမေရိကန်လက်နက်များကို ရယူရန် ကြံစည်နေ

ရုရှားအာဏာရှင်အစိုးရသည် တာလီဘန်အား အာဖဂန်နစ္စတန်နိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ်ပြုရန် တာလီဘန်များနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု ရုရှားအစိုးရ အတွင်းလူတစ်ဦးက ပြောသည်။

အပြန်အလှန်အားဖြင့် ပူတင်က အာဖဂန်နစ္စတန်အတွင်းကျန်ရှိခဲ့သည့် အမေရိကန်စစ်လက်နက်ပစ္စည်းများကို ၎င်းအား လွှဲပြောင်းပေးစေလိုသည်ဟု ရုရှားအစိုးရ အတွင်းလူတစ်ဦးထံမှ သတင်းရရှိကြောင်း General SVR တယ်လီဂရမ်အကောင့်တွင် ဖော်ပြထားသည်။

အမေရိကန်တပ်များ အာဖဂန်နစ္စတန်မှ ၂၀၂၁ ခုနှစ်တွင် ဆုတ်ခွာခဲ့ပြီးနောက် တာလီဘန်များက တစ်နိုင်ငံလုံး ဖြန့်ကြက်ထိန်းချုပ်ခဲ့ကာ ၎င်းတို့က စစ်လက်နက်ပစ္စည်းပေါင်း ၅ သိန်းခန့်နှင့် ယာဉ်အစီးရေ ၅၀ ၀၀၀ အထိ ရရှိခဲ့သည်ဟု ယူဆရသည်။
“ပူတင်သည် တာလီဘန်အစိုးရကို အသိအမှတ်ပြုရန် တာလီဘန်များနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေသည်” ဟု General SVR တွင် ဖော်ပြထားသည်။

အပြန်အလှန်အားဖြင့် အဓိကလက်နက်များနှင့် စစ်လက်နက်ပစ္စည်းများဖြင့် လဲလှယ်ရန် ရုရှားခေါင်းဆောင်က ကမ်းလှမ်းလျက်ရှိသည်။
တာလီဘန်များသည် အာဖဂန်နစ္စတန်တွင် အာဏာရလာပြီးနောက် သိမ်းဆည်းရရှိခဲ့သည့် လက်နက်များနှင့် စစ်လက်နက်ပစ္စည်းကိရိယာများ အပါအဝင် ရုရှားစစ်တပ်အတွက် ရှေ့တန်းတွင် ရှားပါးသည့် လက်နက်များကို ပိုင်ဆိုင်ထားကြောင်း ပူတင်က ပြောကြားခဲ့သည်။

ယခုကဲ့သို့ အဆိုပြုချက်များအပေါ် တာလီဘန်များက အလွန်အံ့အားသင့်နေသော်လည်း ကမ်းလှမ်းချက်များကို အလေးအနက်ထား ဆွေးနွေးနေကြောင်း စေ့စပ်ညှိနှိုင်းမှု အသေးစိတ်ကို စတင်ထုတ်ဖော်ပြောကြားခဲ့သူများက ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly