အာဏာသိမ်း ၂ နှစ်ပြည့် နေပြည်တော်မြင်ကွင်း

အာဏာသိမ်း ၂ နှစ်ပြည့် နေပြည်တော်မြင်ကွင်း

မဇ္စျိမ။ ။ ​​​ရွေး​ကောက်ပွဲတွင် မဲစာရင်းမှားယွင်းသည်ဟု အ​ကြောင်းပြပြီး စစ်တပ်ကအာဏာသိမ်းထားသည်မှာ ယနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် နှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

အာဏာသိမ်းစက​ နေပြည်​တော်တွင် စုဝေးဆန္ဒပြမှုများဖြင့် စည်ကားခဲ့သည့် နေပြည်တော် သပြေကုန်းအဝိုင်းကိုမူ စစ်ကောင်စီလက်အောက်ခံရဲများက ယနေ့တိုင် ဆက်လက်ပိတ်ထားဆဲဖြစ်သည်ကို တွေ့ရသည်။

နေပြည်တော် မြို့လယ်ခေါင်ရှိ သပြေကုန်းဈေးတွင်လည်း စစ်ကောင်စီ လက်အောက်ခံရဲတချို့ စောင့်ကြပ်နေသည်ကို ယနေ့ နံနက်ပိုင်းကတွေ့မြင်ခဲ့ရပြီး လမ်းမကြီးများတွင်လည်း ရဲကားတချို့ လှည့်လှည်ကင်းပတ် သွားလာနေသည်ကို တွေ့ရသည်။

ထို့အပြင် နေပြည်တော်ရှိ လမ်းမကြီးများနှင့် လူစည်ကားတတ်သည့် လမ်းသွယ်များတွင် ယာဉ်များ၊ ဆိုင်ကယ်များ သွားလာမှုများရှိသော်လည်း ယခင်နေ့များ နှင့် နှိုင်းယှဉ်ပါက အသွားအလား အနည်းငယ် ကျဲပါး​​နေသည်ကို တွေ့ရသည်။

“သွားတာကတော့ သွားနေကြတာပဲ။ ဒါပေမဲ့ ဒီမနက် သွားနေကျလမ်းမှာတော့ ပုံမှန်ထက်စာရင် နည်းနည်းလေး နည်းသွားတာတော့တွေ့တယ်”ဟု နေပြည်တော် ဇမ္မူသီရိမြို့နယ်ရှိ ဒေသခံတစ်ဦးကပြောသည်။

အာဏာသိမ်းနှစ်နှစ်ပြည့်တွင် နံနက် ၁၀နာရီမှ မွန်းလွဲ ၃နာရီအထိ အပြင်မထွက်ဘဲ အသံတိတ်သပိတ်ပြုလုပ်ရန် ​တော်လှန်​ရေးအင်အားစုများက နှိုး​ဆော်ထားသည်

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly