ရဝမ်ဒါဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် တရုတ်ပုံစံစစ်ရေးပြအခမ်းအနားကျင်းပခြင်းက တရုတ်သြဇာလွှမ်းမိုးမှုကို ဖော်ပြနေ

By ANI 
01 February 2023
ရဝမ်ဒါဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် တရုတ်ပုံစံစစ်ရေးပြအခမ်းအနားကျင်းပခြင်းက တရုတ်သြဇာလွှမ်းမိုးမှုကို ဖော်ပြနေ

ရဝမ်ဒါကာကွယ်ရေးတပ်ဖွဲ့ (RDF) ၏ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ သမ္မတပေါလ်ကာဂါမီသည် နိုင်ငံပေါင်း ၇ နိုင်ငံမှ သင်တန်းဆင်းသူ ၂၄ ဦး အပါအဝင် ဗိုလ်လောင်းအရာရှိ ၅၆၈ ဦး၏ သင်တန်းဆင်းပွဲသို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၄ ရက်တွင် တက်ရောက်ခဲ့ကြောင်း Kigali Today က ဖော်ပြခဲ့သည်။

အရောင်အသွေးစုံလင်သည့် အခမ်းအနားတွင် သင်တန်းဆင်းဗိုလ်လောင်း ၈ ဦးကို စစ်ဘက်ကိုယ်ရံတော် ၂ ဦးက လိုက်ပါသည့် ပုံစံဖြင့် စစ်ရေးပြခဲ့သည်။ 
ရဝမ်ဒါက တရုတ်ပုံစံ စစ်ရေးပြ အခမ်းအနားကို ယခင်ကလည်း ကျင်းပပြုလုပ်ခဲ့သည်။  

တရုတ်စစ်တပ်မှ လေ့ကျင့်ပေးထားသော ရဝမ်ဒါတပ်ဖွဲ့များသည် လူမျိုးတုံး သတ်ဖြတ်မှုမှ လွတ်မြောက်မှု ၂၅ နှစ်မြောက် အထိမ်းအမှတ်ပြုလုပ်သော ၂၀၁၉ ခုနှစ် စစ်ရေးချီတက်ပွဲတွင် မန်ဒရင်း ဘာသာဖြင့်ပင် အမိန့်ပေးခဲ့ကြောင်း Global Times သတင်းတွင် ဖော်ပြထားသည်။ 
ရဝမ်ဒါတွင် ၁၉၉၄ ခုနှစ် တူစီလူနည်းစုများအပေါ် ရက်ပေါင်း ၁၀ဝ လူမျိုးတုံးသတ်ဖြတ်မှုအဆုံးသတ်ခဲ့သည့် အထိမ်းအမှတ်အဖြစ် ကျင်းပသည့်ပွဲကို အာဖရိက ၇ နိုင်ငံမှ ခေါင်းဆောင်များက တက်ရောက်ခဲ့ကြသည်။ 

အခမ်းအနားအတွင်း မန်ဒရင်းဘာသာဖြင့် အမိန့်ပေးသည့် စစ်သည်များအား ကူညီလေ့ကျင့်ပေးရန် တရုတ် စစ်တပ်က လေ့ကျင့်ရေးဆရာများ စေလွှတ်ခဲ့ကြောင်း Global Times သတင်းတွင် ဖော်ပြထားသည်။

အာဖရိကနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းခြင်းသည် တရုတ်နိုင်ငံခြားရေးမူဝါဒအတွက် အရေးကြီးသော အခြေခံအုတ်မြစ်ဖြစ်ပြီး တရုတ်၏ ရေရှည်မဟာဗျူဟာဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly