တရုတ်က တိဗက်လူမျိုးများကို ဒေသတွင်းမှရှင်းထုတ်ရန် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ရုပ်သိမ်းခြင်းဖြစ်

တရုတ်က တိဗက်လူမျိုးများကို ဒေသတွင်းမှရှင်းထုတ်ရန် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ရုပ်သိမ်းခြင်းဖြစ်

တရုတ်နိုင်ငံ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲအပြီးတွင် တရုတ်သည် တိဗက်လူမျိုးများကို အပြတ်ရှင်းရန်နှင့် ဒေသအတွင်းမှ အပြီးဖယ်ရှားရန် အလှည့်အပြောင်းတစ်ခုလုပ်ကာ တင်းကျပ်သော ကိုဗစ်ကန့်သတ်ချက်များကို ဖြေလျှော့ခဲ့ကြောင်း   Voice Against Autocracy သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

တရုတ်သည်   တင်းကျပ်သော မူဝါဒကန့်သတ်ချက်များကို ရုတ်သိမ်းပြီးကတည်းက လာဆာမြို့တွင် ကိုဗစ် ကြောင့် လူပေါင်း ၁၀၀ ခန့် သေဆုံးခဲ့ကြောင်း RFA ကိုးကား၍ Voice against Autocracy က ဖော်ပြခဲ့သည်။ တရုတ်၏ အဓိကစီမံချက်မှာ တိဗက်လူမျိုးများကို သေစေပြီး မိသားစုများကို စိတ်ဆင်းရဲမှုပေးမည့် အစီအစဉ်ဖြစ်သည်။
တရုတ်အစိုးရက နယ်စပ်အားလုံးကို ပြန်ဖွင့်ပြီး ပြည်သူများအား လွတ်လပ်စွာ ခရီးသွားလာခွင့် ပြုလိုက်ကာ တိဗက်ဆောင်းရာသီခရီးစဉ်သည်  တရုတ်နိုင်ငံသား ၁၀ သန်းကျော်ကို ဆွဲဆောင်နိုင်ကြောင်း  ခရီးသွားဋ္ဌာနက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။ ယင်းခရီးစဉ်တွင် တိဗက်ဒေသ လာဆာရှိ ပိုတာလာနန်းတော်နှင့် အခြားအဓိကနေရာများသို့ မတ်လ ၁၃ ရက်နေ့အထိ အခမဲ့ လည်ပတ်ခွင့် လက်မှတ်များပါဝင်သည်။

လာဆာ၊ တိဗက်နှင့် တရုတ်နိုင်ငံတို့တွင်သာ ကိုဗစ်နှင့်ဆက်နွှယ်သော သေဆုံးမှုများ တိုးလျက်ရှိသည်။ တရုတ်သည် တိဗက်တွင် ကိုဗစ်ဗိုင်းရပ်စ် ပြန့်ပွားရေးနည်းဗျူဟာဖြင့် စီးပွားရေးအခြေအနေ မတိုးတက်စေရန် သာမက ဗိုင်းရပ်စ်ကို ထပ်မံပြန့်ပွားစေခြင်းဖြင့် တိဗက်လူမျိုးများကို နောက်ဆုံးတွင် ရှင်းလင်းပစ်ရန် ရည်ရွယ်သည်။
သမ္မတရှီ၏ ကိုဗစ်ကင်းစင်ရေးမူဝါဒဖြင့် တိဗက်တွင် အတင်းအကျပ်လုပ်ဆောင်ခဲ့သည့် သီးသန့်ခွဲထားခြင်းနှင့် လူမဆန်သော အခြေအနေများကို တိဗက်များက လူမှုကွန်ရက်တွင် မျှဝေခဲ့ကြသည်။
ထို့ပြင် တရုတ်နိုင်ငံသည် အဆိုပါအချက်ကို လက်မခံခဲ့ဘဲ ကာကွယ်ဆေးများ ပေးပို့ခြင်းအပါအဝင် ပြည်ပနိုင်ငံများ၏ အကူအညီကိုပင် ငြင်းပယ်ခဲ့သည်မှာ အံ့သြဖွယ်ကောင်းသည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) နှင့် ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် တရုတ်နှင့် အခြားလူမျိုးများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဂရုမစိုက်ဘဲ ၎င်းတို့ နာမည်ကောင်း ရဖို့အတွက်သာ လုပ်ဆောင်နေသည်ကို  ထိုလုပ်ရပ်များက ရှင်းရှင်လင်းလင်း ပြသနေကြောင်း Voice Against Autocracy က ဖော်ပြသည်။

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့်လ အနည်းငယ်အတွင်း ကြီးမားသောဆန္ဒပြမှုကို မြင်တွေ့ခဲ့ရသည်။ အူရမ်ချီမြို့တွင် ကိုဗစ်ကန့်သတ်ချက်ချမှတ်ထားသည့်ကာလအတွင်း မီးလောင်မှုကြောင့် လူသေဆုံးမှု ဖြစ်ရပ်ပြီးနောက်ပိုင်း ဆန္ဒပြမှုများ စတင်ခဲ့သည်။  ကျန်းကျိုးမြို့ရှိ Apple စက်ရုံမှ အလုပ်သမားများက လုပ်ခလစာမရရှိမှုနှင့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအရ တင်းကျပ်သော စောင့်ကြည့်ထိန်းချုပ်မှုများအပေါ် ဆန္ဒပြခဲ့ကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly