၂၀၂၂ မှာ နိုင်ငံတကာပြောင်းရွှေ့ကြေး ပေါင် ၁.၇၈ ဘီလီယံ သုံးစွဲခဲ့တဲ့ အင်္ဂလန်ကလပ်များ

၂၀၂၂ မှာ နိုင်ငံတကာပြောင်းရွှေ့ကြေး ပေါင် ၁.၇၈ ဘီလီယံ သုံးစွဲခဲ့တဲ့ အင်္ဂလန်ကလပ်များ

အင်္ဂလန်ကလပ်အသင်းတွေဟာ ၂၀၂၂ အတွင်း အမျိုးသားဘောလုံးသမား အပြောင်းအရွှေ့တွေမှာ တခြားနိုင်ငံတွေရဲ့ ပမာဏထက် သုံးဆကျော် ပေါင် ၁.၇၈ ဘီလီယံ သုံးစွဲခဲ့တယ်လို့ ဖီဖာရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အီတလီကလပ်တွေဟာ စုစုပေါင်း ပေါင် ၅၄၃ သန်း သုံးစွဲပြီး စာရင်းမှာ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

ဈေးအမြင့်ဆုံး အပြောင်းအရွှေ့ ၁၀ ခုဟာ စုစုပေါင်းပေါင် ၅.၂၄ ဘီလီယံ ရှိပြီး ပြောင်းရွှေ့ကြေးအားလုံးရဲ့ ၁၂.၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ဒီထဲမှာ အင်္ဂလန်ကလပ်တွေကို ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားခြောက်ဦး ပါဝင်ခဲ့ပြီး အော်ရီလီယန် ချူအာမီနီရဲ့ မိုနာကိုကနေ ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မှုမှာ ဈေးအကြီးဆုံးဖြစ်ပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားဟာ စပိန်ကလပ်ကို ယူရိုသန်း ၈၀ (ပေါင် ၆၈.၃ သန်း)အပြင် add-ons ကြေး ယူရိုသန်း ၂၀ (ပေါင် ၁၈ သန်းခန့်) နဲ့ ပြောင်းရွှေ့သွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အေဂျက်ကနေ တောင်ပံကစားသမား အန်ထော်နီ (ပေါင် ၈၂ သန်း)၊ ရီးယဲလ်မက်ဒရစ်ကနေ ကွင်းလယ်လူ ကာစီမီရို (ပေါင် သန်း ၇၀-၆၀ နဲ့ add-ons ပေါင် ၁၀ သန်း)နဲ့ ခေါ်ယူထားတဲ့ မန်ချက်စတာယူနိုက်တက်ဟာ စာရင်းမှာ ၃ နဲ့ ၄ နေရာ အသီးသီး ရပ်တည်နေကာ ဥရောပသုံးစွဲငွေအများဆုံး အသင်းဖြစ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဥရောပငွေသုံးစွဲမှုအများဆုံးစာရင်းမှာ ဒုတိယနေရာ ရပ်တည်နေပြီး ထိပ်ဆုံး ၇ နေရာရဲ့  ၅ နေရာလုံးမှာ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ခဲ့ပါတယ်။

လီဗာပူးလ်က ၃ နေရာ၊ နယူးကာဆယ်ယူနိုက်တက်က ၅ နေရာ၊ ဝက်စ်ဟမ်း ၆ နေရာနဲ့ ဝုလ်ဗာဟမ်တန် ဝမ်ဒါရက်စ်က ၇ နေရာနဲ့ မန်စီးတီးက ၉ နေရာတို့မှာ ရပ်တည်ခဲ့ကြတာပါ။

လီဗာပူးလ်ရဲ့ ဘင်ဖီကာကနေ တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကို ကနဦး ပေါင် ၆၄ သန်းနဲ့ ခေါ်ယူမှုမှာ add-ons ကြေးကြောင့် ပေါင် ၈၅ သန်းအထိ မြင့်တက်လာနိုင်တဲ့ ဒုတိယဈေးအကြီးဆုံး အပြောင်းအရွှေ့ဖြစ်ပြီး စီးတီးရဲ့ တိုက်စစ်မှူး ဟာလန်းကို ပေါင် ၅၁.၂ သန်းနဲ့ ခေါ်ယူမှုမှာ ၇ ခုမြောက် ဈေးအကြီးဆုံးဖြစ်ပါတယ်။

ယူကရိန်းရဲ့ ရှက်တာဒိုးနက်ကလပ်ဟာ ရုရှားနိုင်ငံက ကျူးကျော်ပြီးနောက် ထွက်ခွာသွားတဲ့ ကစားသမား ၅၁ ဦးထဲက ကစားသမာ အများဆုံး ထွက်ရှိခဲ့တဲ့ အသင်းဖြစ်ပါတယ်။

 အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ အရင်နှစ်ကထက် ၆၂ ရာခိုင်နှုန်း တိုးလာခဲ့တဲ့ စံချိန်တင်ပေါင် ၂.၇ သန်းဟာ နိုင်ငံတကာ အပြောင်းအရွှေ့တွေပေါ် သုံးစွဲခဲ့ပါတယ်။

အကြီးမားဆုံး အပြောင်းအရွှေ့မှာ မန်ချက်စတာစီးတီးကနေ ဘာစီလိုနာကို ကီရာဝေါ့ရှ်ရဲ့ ပြောင်းရွှေ့ကြေး ပေါင် ၄၀၀,၀၀၀ ခန့်လို့ ဖော်ပြခဲ့ပါတယ်။

အပျော်တမ်းဘောလုံးနဲ့ပတ်သက်လို့ ဖီဖာက ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ ကစားသမား ၅၀,၀၀၀ နီးပါးဟာ မနှစ်က တခြားနိုင်ငံတွေမှာ ကလပ်အသင်းတွေနဲ့ ပူးပေါင်းခဲ့ပါတယ်လို့ ဆိုပါတယ်။

ယူကရိန်းဟာ ရုရှားနဲ့ ဆက်လက်စစ်ဖြစ်နေတာကြောင့် အပြောင်းအရွှေ့ စုစုပေါင်း ၅,၉၁၀ ခုထဲကနေ အပြောင်းအရွှေ့ အများဆုံးနိုင်ငံဖြစ်ပါတယ်။

၂၀၂၂ ထိပ်တန်း အမျိုးသား ပြောင်းရွှေ့မှု ၁၀ ခု

၁။ အော်ရီလီယန် ချူအာမီနီ (မိုနာကို - ရီးယဲလ်မက်ဒရစ်)
၂။ ဒါဝင် နူနက်ဇ် (ဘင်ဖီကာ - လီဗာပူး)
၃။ အန်ထော်နီ (အေဂျက်စ်-မန်ယူ)၊
၄။ ကာစီမီရို (ရီးယဲလ်-မန်ချက်စတာယူနိုက်တက်)
၅။ မက်သီဂျစ် ဒီလစ်ဂ် (ဂျူဗင်တပ် - ဘိုင်ယန်မြူးနစ်)
၆။ ဖာရန်တောရက်စ် (မန်စီးတီး - ဘာစီလိုနာ)
၇။ အာလင်း ဟာလန်း (ဒေါ့မွန်-မန်စီးတီး)
၈။ အလက်ဇန်းဒါး အီဆက်ခ် (ရီးယဲလ်ဆိုစီဒက် - နယူးကာဆယ်ယူနိုက်တက်)
၉။ လူးဝစ် ဒီယက်ဇ် (ပေါ်တို - လီဗာပူးလ်)
၁၀။ ရာဖင်ဟာ (လိဒ်ယူနိုက်တက် - ဘာစီလိုနာ)

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly