အဖေများနေ့ ဝတ္ထုတိုပြိုင်ပွဲနှင့် ကဗျာရှည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပမည်

အဖေများနေ့ ဝတ္ထုတိုပြိုင်ပွဲနှင့် ကဗျာရှည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပမည်

မန္တလေး၊ မတ် ၁၄ ။           ။ အဋ္ဌမအကြိမ်မြောက် အဖေနေ့ ဝတ္ထုတိုပြိုင်ပွဲနှင့်ကဗျာရှည်ပြိုင်ပွဲမှ ဆုရရှိသူများကို မတ် ၂၃ရက် တွင်  မန္တလေးမြို့ ၈၅လမ်း၊၃၄လမ်းနှင့်၃၅လမ်းကြားရှိ ဦးလှသိန်းဗိမ္မာန်တွင် အခမ်းအနားဖြင့် ဆုချီးမြှင့်သွားမည်ဟု မန္တလေးအမေနေ့၊ အဖေနေ့ဖြစ်မြောက်ရေးအဖွဲ့ဆုရွေးချယ်ရေးကော်မတီမှကိုဒီလှိုင်းဝင်း ကပြောသည်။

အဆိုပါပြိုင်ပွဲသို့ ကဗျာရှည် ၆၄ပုဒ်နှင့်ဝတ္ထုတို ၆၅ ပုဒ်ဝင်ရောင်ယှဉ်ပြိုင်ရာ ကဗျာရှည်ပြိုင်ပွဲတွင်ပထမဆု ကမ္ဘာကျော်(မန္တလေး) "အဖေ့နေ့စွဲများ" ၊ဒုတိယဆု ကို ဆွေဇင်မြင့်ဝင်း(ပညာရေး) "မေတ္တာတွေဖူးပွင့်နေတဲ့ကဗျာ"၊တတိယဆုကို  အထဝါစိုး  "ချွေး ပင်လယ်" ၊နှစ်သိမ့်ဆု  ၁ ကို  ညီဝမ်း(မန်းမြေ) " ယာထဲကသံစဉ်  လယ်ထဲက သီချင်းတစ်ပုဒ်" ၊နှစ်သိမ့်ဆု  ၂  ကို ဗေဒါလမ်းမှမောင်ရေချမ်း  "မျှော်လင့်ချက်တစ်စုံတစ်ရာ"၊နှစ်သိမ့် ဆု ၃ကို  လင်းလက်သောသူ  "တမ်းချင်းအပိုဒ်ခွဲ  သုည" တို့က ရရှိသွားကြောင်း ၎င်းကပြောသည်။

ဝတ္ထုတိုပြိုင်ပွဲတွင် ပထမဆုကို  ချိုထွေး(ကူမဲ) "ဝှက်"၊ဒုတိယဆု ကို  ဒေါင်းဏီ "မြန်မာပြည်"၊တတိယဆု ကို လင်းသူရိယနွယ်  "လရောင်အောက်မှာ ပုံတူဖူးပွင့်စေချင်သူ" ၊နှစ်သိမ့် ၁ကို    ညီမေတ္တာ  "အဖေ့အသည်းနှလုံးက စကားပြောလာတယ်" ၊နှစ်သိမ့် ၂ ကို ရဲမာန်(အောင်လံ)  " အဖေသာအကောင်းဆုံး" ၊နှစ်သိမ့် ၃ ကို  ယွန်းသန့်နိုင်  "ကျောက်ကိုစူးနေတဲ့နေခြည်နု" ၊နှစ်သိမ့် ၄ ကို   မောင်းအင်း(ဥက္ကံ)   "ရယ်ရသောအဖေ" ၊နှစ်သိမ့် ၅  ကို  မွန်းဆွန်း  " အာဘွား" ၊နှစ်သိမ့် ၆ ကို  စံရတီ  "တဒင်္ဂလူမိုက်ကြီး" ၊နှစ်သိမ့် ၇ ကို   အထွန်း(တမာမြေ)   "အဆင်ပြေပါတယ်သားရယ်"၊နှစ်သိမ့် ၈  ကို  ထန်းတပင်စန်းလွင်   "အဓိပ္ပါယ်မဖွင့်လိုသော အဖေ့မေတ္တာ" ၊နှစ်သိမ့် ၉ ကို   ရွှေလဝန်း  " ဖေဖေ့မေတ္တာအနန္တ" ၊နှစ်သိမ့် ၁၀  ကို  ပြည့်မှူးပိုင်(ရန်ကုန်စီးပွားရေး)   "ရင်ခတ်အလွမ်း" ၊နှစ်သိမ့် ၁၁ ကို   မိုးစနေ   "ဓါးသွေးကျောက်" ၊နှစ်သိမ့် ၁၂  ကို  ရွှေကျွန်းခိုင်သစ်  " တိမ်စင်လ၏ အဘိဓမ္မာ" တို့က အသီးသီးဆုများရရှိခဲ့ကြောင်း သိရသည်။

ဆုရရှိသူများကို ပထမဆု ကျပ်တစ်သိန်းခွဲ ၊ဒုတိယဆု ကျပ်တစ်သိန်းနှစ်သောင်း၊ တတိယဆု ကျပ်တစ်သိန်း နဲ့နှစ်သိမ့်ဆုတစ်ဆုကို  ကျပ်ငါးသောင်းနှုန်းချီးမြှင့်သွားမည်ဖြစ်သည်။

အဆိုပါဆုပေးပွဲအခမ်းအနားတွင် ဒေါက်တာ အရှင်ဉာဏိဿရ ၊မန္တလေး မောင်အောင်ခင်၊ဆောင်းလုလင်၊ဗေလုဝ တို့မှလည်း ဟောပြောမှုများပြုလုပ်သွားမည်ဟု ကိုဒီလှိုင်းဝင်း ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly