ဇွန် ၃၀၊ မက်ဒရစ်။ ။ ဆာဂျီယိုရာမို့စ်သည် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရီးယဲလ်မက်ဒရစ်ကို စွန့်ခွာပြီး မန်ယူသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ချက်ချထားသည် ဟု ကစားသမားနှင့် နီးစပ်သူများက ပြောသည်။
မန်ယူအသင်းက ပေါင် ၂၈ ဒသမ ၅ သန်းဖြင့် အကြိုသဘော ကမ်းလှမ်းလာခဲ့သည်ဟု ရီးယဲလ်မက်ဒရစ်အသင်းက ရာမို့စ်ထံ အကြောင်းကြားထားပြီး ကစားသမားဖြစ်သူကလည်း နွေရာသီ အပြောင်းအရွှေ့ကာလအတွင်း အသင်းမှ ထွက်ခွာချင်သည်ဟု ပြန်လည်အကြောင်းကြားထားသည်။
မန်စီးတီးအသင်းက စိတ်ဝင်စားနေသော်လည်း အသက် ၂၉ နှစ်အရွယ်ရှိ ရာမို့စ်က မန်ယူသို့သာ ပြောင်းရန် စိတ်ဝင်စားနေသည်ဟု စကိုင်းစပို့စ်က ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် ရာမို့စ်ကိုခေါ်ယူရန် ဆုံးဖြတ်ထားပြီး ရီးယဲလ်မက်ဒရစ် အမှုဆောင်ချုပ် အိန်ဂျယ်ဆန်းချက်ဇ်နှင့် ပြီးခဲ့သည့် တစ်ပတ်က တွေ့ဆုံဆွေးနွေးခဲ့သည်။
စပိန်ကလပ် ရီးယဲလ်မက်ဒရစ်အသင်းက ရာမို့စ်အတွက် မည်သည့်တရားဝင် ကမ်းလှမ်းမှုမှ မရသေးဟု ကြေညာထားပြီး နောက်ဆက်တွဲ ကမ်းလှမ်းမှုများလည်း ရှိမနေသေးဟု ထုတ်ဖော်ထားသည်။
ရီးယဲလ်မက်ဒရစ်အသင်းနှင့် ရုံးချုပ်တွင် တွေ့ဆုံဆွေးနေစဉ်အတွင်း ရာမို့စ်က အသင်းမှ ထွက်ခွာချင်ကြောင်းနှင့် ကမ်းလှမ်းမှုများကို နားစွင့်ထားရန် ပြန်လည်ဆွေးနွေးထားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းက ရာမို့စ်၏ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၄၂ သန်း လိုချင်နေသော်လည်း စာချုပ်သက်တမ်း နှစ်နှစ်ကျန်သည့် အသက် ၂၉ နှစ်အရွယ် ကစားသမား တစ်ဦးအတွက် မန်ယူအသင်းက ပေါင် ၂၈ ဒသမ ၅ သန်းဖြင့်ကမ်းလှမ်းမှုမှာ ကောင်းမွန်သည့်ဈေးနှုန်း ဖြစ်သည်ဟု အင်္ဂလန်နေ့စဉ်ထုတ် ဒေးလီးမေးလ် သတင်းစာကလည်း ဖော်ပြခဲ့သည်။
ရည်ညွှန်း - ဂါးဒီးယန်း