Pebble Beach ဂေါ့ဖ်ပြိုင်ပွဲနွှဲမယ့် မကြာသေးခင်က ဘောလုံးကစားသမားဘ၀ အနားယူထားတဲ့ ဘေးလ်

Pebble Beach ဂေါ့ဖ်ပြိုင်ပွဲနွှဲမယ့် မကြာသေးခင်က ဘောလုံးကစားသမားဘ၀ အနားယူထားတဲ့ ဘေးလ်

ဂါရတ် ဘေးလ်ဟာ ဘောလုံးအားကစားလောကကနေ အနားယူကြောင်း ကြေညာခဲ့အပြီး သီတင်းပတ်တွေအကြာမှာ Pebble Beach Pro-Am ဂေါ့ဖ်ပြိုင်ပွဲမှာ ပါဝင်ကစားမှာဖြစ်တယ်လို့ ရီးယဲလ်မက်ဒရစ်နဲ့ ဝေးလ်ကြယ်ပွင့်ကစားသမားဟောင်းက တနင်္လာနေ့က ပြောပါတယ်။

ဇန်နဝါရီလအစောပိုင်းက ကစားသမားဘဝကနေ အနားယူခဲ့တဲ့ ဘေးလ်ဟာ ကမ္ဘာပေါ်က ထိပ်တန်းဂေါ့ဖ်သီးပညာရှင်တချို့နဲ့အတူ ကျော်ကြားတဲ့ ကယ်လီဖိုးနီးယားရှိ ချိန်ဆက် သင်တန်းမှာ တခြားနာမည်ကျော်များစွာ ပူးပေါင်းပါဝင်မှာဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သူက "ကျနော် လာမယ့်လအစမှာ AT&T Pebble Beach Pro-Am မှာ ကစားတော့မယ်ဖြစ်လို့ ကြေညာရတာ ဝမ်းသာပါတယ်။  Let's go"လို့ Instagram မှာ ရေးသားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူးဟောင်း ဘေးလ်ဟာ ရီးယဲအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်နဲ့ လာလီဂါဖလား ၃ ကြိမ် ရရှိခဲ့ပေမယ့်လည်း တချိန်က မက်ဒရစ်ပရိသတ်တွေကို ဒေါသဖြစ်စေခဲ့တဲ့ ဂေါ့ဖ်ရိုက်ဝါသနာကို ဆက်လက်လက်ဆွဲထားခဲ့ပါတယ်။

ဝေးလ်နဲ့အတူ နိုင်ငံတကာပွဲစဉ်တွေ ကစားပေးချိန်က 'ဝေးလ်။ ဂေါ့ဖ်ရိုက်။ မက်ဒရစ်။ အဲဒီလိုအစဉ်လိုက်ပဲ'လို့ လူမှုမီဒီယာမှာ တင်ခဲ့ဖူးပြီး ဒါက သူ့အတွက် နိုင်ငံအသင်းက ပထမ၊ ဂေါ့ဖ်က ဒုတိယ ဦးစားပေးဖြစ်ပြီး၊ ရီးရဲလ်မက်ဒရစ်အသင်းကို နောက်ဆုံးမှာ ထားတယ်လို့ ဆိုပါတယ်။

လော့စ်အိန်ဂျလိစ်အသင်းမှာ သူ့ရဲ့ ကလပ်ကစားသမားဘဝကုန်ဆုံးခဲ့သူ ဘေးလ်ဟာ အနားယူဖို့ မဆုံးဖြတ်ခင် ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝေးလ်အသင်းမှာ ပါဝင်ကစားခဲ့ပါတယ်။

အခုချိန်မှာတော့ သူ့ရဲ့ ဒုတိယမြောက် ချစ်မြတ်နိုးတဲ့ အားကစားကို အာရုံစိုက်ဖို့ သူ အချိန်ရနေပါပြီ။

ဖေဖော်ဝါရီ ၂ ရက်ကနေ ၅ ရက်အထိ Pebble Beach မှာ အပျော်တမ်းဂေါ့ဖ်သမား ၁၅၆ ဦးနဲ့ US Open ချန်ပီယံ Matt Fitzpatrick၊ ကမ္ဘာ့နံပါတ် ၅  Patrick Cantlay တို့အပါအဝင် အလားတူ ပရိုဖက်ရှင်နယ်ကစားသမားတွေ ပါဝင်မှာဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly