အောင်ဘာလေထီ ပြည်သူကို မရောင်းရင်နေပါ အရှက်မခွဲပါနဲ့

အောင်ဘာလေထီ ပြည်သူကို မရောင်းရင်နေပါ အရှက်မခွဲပါနဲ့

ရန်ကုန်တိုင်းဒသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်မှာနေတဲ့ ဒေါ်မြမြစန်း ရေးလိုက်တဲ့ စာကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ စာရေးပေး ပို့ခဲ့သူဟာ ကျောင်းဆရာမ အငြိမ်းစားတစ်ဦးဖြစ်ပြီး ခင်ပွန်းဖြစ်သူက ဌာနတစ်ခုက ဦးစီးအရာရှိတစ်ဦး ဖြစ်ပါတယ်။ အသက် ၉၀ ကျော် မိခင်ကို ပြုစုဖို့နဲ့ တစ်ဦးတည်းသော သမီးလေးကို စောင့်ရှောက်ဖို့အတွက် ဝန်ထမ်းအဖြစ်မှ စောစီးစွာ အနားယူခဲ့ရသူ ဖြစ်တယ်လို့ ဆိုပါတယ်။ နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ မောင်တစ်ဦးရဲ့ လစာကို လစဉ် လဆန်း ၈ ရက်နေ့တိုင်း အင်းဝဘဏ်မှာ ထုတ်ယူဖို့သွားရင်း မဟာဗန္ဓုလလမ်းမပေါ် ၃၇ လမ်းထိပ်မှာရှိတဲ့ အောင်ဘာလေထီရုံးမှာ ထီထိုးဖို့သွားရင်း တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို တာဝန်ရှိသူနဲ့ စာဖတ်သူတွေ သိရှိစေဖို့ မဇ္ဈိမ စာဖတ်သူကဏ္ဍကို စာရေးပေးပို့ခဲ့တာ ဖြစ်တယ်လို့ စာရေးသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဘဏ်သွေထုတ်ဖို့အသွား ပန်းဆိုးတန်း ကားမှတ်တိုင် ကားပေါ်က အဆင်းမှာ အောင်ဘာလေထီရုံးကို တွေ့တာကြောင့် ထီထိုးချင်စိတ်ဖြစ်ပြီး ထီရုံးကို သွားခဲ့ပါတယ်။ သူရောက်တဲ့အချိန်က ၁၀ နာရီဖြစ်ပြီး ၁၁ နာရီမှာ ရောင်းမယ်ဆိုလို့ ထိုင်စောင့်နေခဲ့ပါ တယ်။ သတင်းစာတွေထဲမှာ လူတစ်ဦးကို ထီအုပ်ရေ ၁၀ အုပ်အထိ လွတ်လပ်စွာ ဝယ်ယူနိုင်တယ် ဆိုပြီး ဖတ်ထားမိတာကြောင့် လူတိုင်း ဝယ်လို့ရမယ် ထင်ခဲ့လို့ပါ။ အပြင်ထီဆိုင်တွေမှာ တစ်စောင်ကို ၃၀၀ ကျပ် ပေးရတာကို ထီရုံးမှာ ၁၁ စောင်ပါ တစ်အုပ်ကို နှစ်ထောင်နဲ့ ဝယ်လို့ရတယ်ဆိုလို့ ဝယ်ချင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝင်ပေါက်မှာ ဧည့်ကတ်ယူပြီး ၁၁ နာရီမှာ ပုံစံရောင်းတာကို မှတ်ပုံတင်ပြပြီး ပုံစံယူ ဖြည့်လို့ တင်ထားရပါတယ်။ ဒါကို မှတ်ပုံတင်ပြပြီး ပုံစံယူတာကို ထီထိုးပြီးသား၊ ဝယ်ပြီးသား မှတ်ပုံတင်ကို ပစ်ချပါတယ်။ သူက တစ်ခါမှ မဝယ်ဘူးတာမို့ မဟုတ်ကြောင်း ရှင်းပြတော့မှ မပေးချင်ပေးချင်နဲ့ ပုံစံပေးပါတယ်။ ပုံစံတင်ပြီး တုံကင်ပေးောတ့ ထိပ်ဆုံးကသူက ၁ ဖြစ်ရမှာကို နံပါတ် ၁၀ ပေးပါတယ်။ ၁ ကနေ ၉ အထိ ဘယ်သူမှလည်း ထုတ်တာ မတွေ့ရဘူးလို့ ပြောပါတယ်။ အခု မတ်လ ၈ ရက်မှာ လည်း ငွေသွားထုတ်ရင်း ထီရုံးကိုဝင်ပြီး ထီဝင်ဝယ်ဖို့ သွားပါတယ်။ ပြီးခဲ့တဲ့ လကလိုပဲ ပုံစံယူပြီး တင်လိုက်တော့ တုံကင်ပေးတဲ့အခါမှာ ငွေသွင်းကောင်တာက အမျိုးသမီးက ပုံစံစာရွတ်ထိပ်မှာ ပုံစံရှင်ဟာ ထီထိုးပြီးသား ရေးလိုက်လို့ တုံကင် မပေးပြန်ပါဘူး။ သူက ထီက တစ်လတစ်ခါ ထွတ်တာ ဖြစ်ပြီး လစဉ်ထို့လို့ရသလို လွတ်လပ်စွာ ဝယ်ယူနိုင်တဲ့ အခွင့်အရေး မြန်မာနိုင်ငံသားတိုင်းမှာ ရှိနေသ လို သူက ပြီးခဲ့တဲ့လကမှ ထီထိုးဖူးတာလို့ အကြောက်အကန်ပြောမှ တုံကင်နံပါတ် ၅၀ ကို ပေးတယ် လို့ ပြောပါတယ်။

ထီအုပ်ပေးတဲ့ အမျိုးသမီးနဲ့ သူ စကားများနေတော့ အမျိုးသား ရုံးဝန်ထမ်း ၃ ဦး ရောက်လာပြီး တောင်းပန်ပေမယ့် ရှက်စရာ ကောင်းခဲ့ရပါတယ်။ ထီရောင်းချရာမှာလည်း တုံကင်နံပါတ်က ၅၀ ကနေ ၆၀ ဖြစ်သွားတယ် ထုတ်တဲ့သူ မရှိပါဘူး။ ဝန်ထမ်းတွေ သူတို့ဖာသာ ပုံစံဖြည့်ပြီး ငွေသွင်းကောင်တာ ဘက် သွားပို့တာ မြင်ခဲ့ရသလို ယောကျ်ား အမျိုးသားကြီးတွေက အမျိုးသမီး မှတ်ပုံတင်တွေနဲ့ လာဝယ်တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အပြင်ထီဆိုင်တွေကို အမြန်ရလို့ ရောင်းဖို့အတွက် ပြည်သူ တွေ ထီရုံးမှာ လာမဝယ်အောင် ဒီလိုမျိုး လုပ်နေတာလို့ ထီရုံးကို လာဝယ်တဲ့သူတစ်ယောက်က   ပြောတာ ကြားရတော့ သူ့ကို လာမဝယ်ချင်အောင် အရှက်ရအောင်လုပ်တဲ့ ဝန်ထမ်းတွေကို အံ့သြမိ ပါတယ်း။ တာဝန်ရှိသူတွေက ထီဈေးတွေ မတက်အောင်လို့ အစီအစဉ်တကျ လုပ်နေတာကို ဝန်ထမ်း တွေက သူတို့ အပိုဝင်ငွေရအောင် လုပ်တာကတော့ မဖြစ်သင့်ဘူးလို့ ရေးပါတယ်။

တစ်ခါမှ မဝယ်ဘူးတဲ့ သူ့ရဲ့ မှတ်ပုံတင်ကိုကြည့်ပြီး တစ်ခါတည်း တန်းပြီး ဝယ်ပြီးသားလို့ပြော တဲ့ ဝန်ထမ်းနဲ့ ပုံစံစာရွတ်မှာ ရောင်းပြီးသားလို့ ရေးလိုက်တဲ့ ဝန်ထမ်းက မှတ်တမ်းမှတ်ရာ မရှိဘဲ အကြားအမြင်ရသလို ပြောလိုက်တာ ထီဝယ်သူကို မထေမဲ့မြင် မချေမငံ ဆက်ဆံတာကတော့ ဘယ်လိုမှ သည်းခံလို့ မရတာကြောင့် သူ ဒီစာကို ရေးပို့ခဲ့တာ ဖြစ်ပါတယ်။ သူနေတာက လှိုင်မြို့နယ် ၆ မိုင်ခွဲမှာဖြစ်ပြီး သူ့မှာ အိမ်နေရင်း လုပ်လို့ရတဲ့ ကိုယ်ပိုင်စီးပွားရေးလည်း ရှိပါတယ်။ ထီ ၁၀ အုပ်ကို ဝယ်ပြီး အပြင်မှာ ပြန်ရောင်းပြီး ရမယ့် အမြတ်က ဘယ်လောက်လည်းဆိုတာ မသိပေမယ့် ဒီလိုအ လုပ်မျိုးနဲ့မှ ရမယ့်ငွေကိုလည်း သူ မလိုချင်ဘူးလို့ ဆိုပါတယ်။ သူ့အနေနဲ့ ဒီလို အရှက်ခွဲ သိက္ခာချခံခဲ့ရ တာကို သေတဲ့အထိ မမေ့ပေမယ့် သူ့စိတ်မှာ သန့်ရှင်းခဲ့တဲ့အတွက် နောက်လတွေမှာလည်း ထီရုံးမှာ သွားပြီး ထီ ၁၀ အုပ်ကို ဝယ်မှာ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ သူ့လို အခြားထီဝယ်တဲ့ ပြည်သူ တွေ အရှက်မရစေဖို့ အကျင့်ပျက်ဝန်ထမ်းတေါကို အရေးယူပေးစေချင်တာကြောင့် သူ့ရဲ့ နိုင်ငံသား အမှတ်နဲ့ ဖုန်း၊ လိပ်စာတို့ကို မဇ္ဈိမ စားဖတ်သူကဏ္ဍကို ပေးပို့ခဲ့ပါတယ်လို့ ရေးလာတဲ့ စာကို ဖော်ပြ လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly