မြောက်ကိုရီးယားရေငုပ်သင်္ဘောတစ်စင်း ပျောက်နေဟု အမေရိကန်ပြော

မြောက်ကိုရီးယားရေငုပ်သင်္ဘောတစ်စင်း ပျောက်နေဟု အမေရိကန်ပြော

ဝါရှင်တန်၊ မတ် ၁၃ ။           ။ မြောက်ကိုရီးယား ရေငုပ်သင်္ဘောတစ်စင်း ပျောက်လျက်ရှိနေကာ နစ်မြုပ်နိုင်ဖွယ်ရှိသည်ဟု အမေရိကန်စစ်တပ်နှင့် နီးစပ်သူက ပြောသည်။

ယင်းရေငုပ်သင်္ဘောက မြောက်ကိုရီးယားကမ်းခြေတွင် ရက်အနည်းငယ် လှည့်လည်နေချိန်အတွင်း ပျောက်နေခြင်းဖြစ်ကြောင်း ယင်းသတင်ရင်းမြစ်က ဆိုသည်။

ထိုသို့ မြောက်ကိုရီးယားရေငုပ်သင်္ဘောအား ထောက်လှမ်းနိုင်ခြင်း မရှိဖြစ်ချိန်မှာ တောင်ကိုရီးယားနှင်ပ့ အမေရိကန်တို့ အကြီးဆုံးစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေ၍ တင်းမာမှုများ မြင့်မားနေစဉ်အတွင်းလည်းဖြစ်သည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားကလည်း စစ်ရေးခြိမ်းခြောက်မှုများ ထုတ်ပြန်ထားသည်။

ကျုးကျော်ရန်လိုသည့် မည့်သည့်လက္ခဏာမျိုးမဆို စစ်ရေးဖြင့် တုံ့ြ့ပန်သွားမည်ဟု မြောက်ကိုရီးယားက ပြောထားသည်။

အဆိုပါ မြောက်ကိုရီးယားရေငုပ်သင်္ဘောအား အမေရိကန်ရေတပ်က ခြေရာခံလိုက်နေစဉ်အတွင်း မြင်ကွင်းက ပျောက်ရှသွားခြင်းဖြစ်ကြောင်း အမေရိကန်ရေတပ်ဖွဲ့ဂျာနယ်တွင် ဖော်ပြသည်။

မြောက်ကိုရီးယားစစ်တပ်တွင် အရွယ်အဆင့်အသီးသီးရှိသော ရေငုပ်သင်္ဘော ၇၀ နီးပါး ပိုင်ဆိုင်ထားသည်။

ရေငုပ်သင်္ဘောပျောက်ရှနေခြင်းအား မြောက်ကိုရီးယားရေတပ်က လိုက်လံရှာဖွေခြင်းအပေါ် အမေရိကန်စစ်တပ်က ထောက်လှမ်းစောင့်ကြည့်လျက်ရှိနေကြောင်းလည်း စီအင်န်အင်န်သတင်းတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly