ဂျူဗင်တပ်စ် – စီးရီးအေဘီလူးကြီးတွေဟာ အပြောင်းအရွှေ့ကိစ္စရပ်တွေအတွက် ၁၅ မှတ် လျော့ချခံထားရ

ဂျူဗင်တပ်စ် – စီးရီးအေဘီလူးကြီးတွေဟာ အပြောင်းအရွှေ့ကိစ္စရပ်တွေအတွက် ၁၅ မှတ် လျော့ချခံထားရ

ဂျူဗင်တပ်စ်ဟာ သူတို့ရဲ့ ယခင်အပြောင်းအရွှေ့ကိစ္စရပ်တွေကို စုံစမ်းစစ်ဆေးခံရပြီးနောက် ကလပ်အသင်းကို လက်ရှိ ရမှတ်ကနေ ၁၅ မှတ်ထိ ရမှတ်လျော့ ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) က ပြောပါတယ်။

စီးရီးအေဘီလူးကြီး ဂျူဗင်တပ်စ်ဟာ ကလပ်အပြောင်းအရွှေ့တွေကနေ အမြတ်ကျန်အောင် စာရင်းလိမ်ခြင်းဖြင့် သူတို့ရဲ့ လက်ကျန်ရှင်းတမ်းတွေကို ပြုပြင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။

ဂျူဗင်တပ်စ်အသင်းက အဆင့် (၃) နေရာမှာ ရပ်တည်နေခဲ့ပေမယ့် ဒီပြစ်ဒဏ်ကြောင့် အဆင့် (၁၀)နေရာကိုဆင်းရပါတော့မယ်။

ဥက္ကဋ္ဌဟောင်း အန်ဒရီယာ အက်ဂ်နယ်လီနဲ့ ဒုဥက္ကဋ္ဌ ပါဗယ် နတ်ဗက်တို့ အပါအဝင် ကလပ်ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဟာ နိုဝင်ဘာလက ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဘာအမှားအယွင်းမှ မလုပ်ထားဘူးလို့ ငြင်းဆန်ထားပြီး သူတို့ဟာ ဒီအမှတ်လျော့ပြစ်ဒဏ် ဆုံးဖြတ်ချက်ကို အယူခံဝင်မှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ထုတ်ပြန်ချက်တစ်ရပ်မှာ ကလပ်အသင်းက သူတို့ဟာ "ဆုံးဖြတ်ချက်ရဲ့ အကြောင်းပြချက်ကို ထုတ်ပြန်ဖို့ စောင့်မျှော်နေတယ်"လို့ ပြောကြားခဲ့ပေမယ့်လည်း အီတလီ အိုလံပစ်ကော်မတီ (CONI) ရဲ့ အားကစားအာမခံဘုတ်အဖွဲ့ထံ အယူခံဝင်မှု စတင်နေပြီဖြစ်ပါတယ်။

တရားလိုရှေ့နေတွေက ၉ မှတ်လျော့ ပြစ်ဒဏ်သာချက်မှတ်ဖို့ တောင်းဆိုတာထက် အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးယူမှုဟာ ပိုလို့တောင် ပြင်းထန်နေတာပါ။

အခု တော့တင်ဟမ်ရဲ့ ဘောလုံး အုပ်ချုပ်မှု ဒါရိုက်တာဖြစ်တဲ့ ဂျူဗင်ရဲ့ အားကစားဒါရိုက်တာဟောင်း ဖေဘီယို ပါရာတီစီကို လ ၃၀ ပိတ်ပင်ထားပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ် (FIGC)ဟာ အက်ဂ်နယ်လီနဲ့ ကလပ်ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း မော်ရီဇီယို အာရီဗာဘီနီးတို့ကို နှစ်နှစ်ပိတ်ပင်ခဲ့ပြီး လက်ရှိအားကစားဒါရိုက်တာ ဖာဒါရီကို ချယ်ရုဘင်နီဟာ ၁၆ လကြာ ပိတ်ပင်ခံရပါတယ်။

ယခင်နဲ့ လက်ရှိ ဂျူဗင်တပ်စ် အမှုဆောင်အရာရှိ စုစုပေါင်း ၁၁ ဦးဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခံခဲ့ရပြီး နတ်ဗတ်ဟာ ရှစ်လကြာ ပိတ်ပင်ခံခဲ့ရပါတယ်။

FIGC က တားမြစ်ချက်အားလုံးမှာ UEFA နဲ့ Fifa တို့ထံ ပိတ်ဆို့အရေးယူမှုအတွက် သက်တမ်းတိုးပေးဖို့ တောင်းဆိုမှုတစ်ရပ် အပါအဝင်ဖြစ်တာကြောင့် နောက်ပိုင်းမှာ ကမ္ဘာနှင့်အဝှမ်း တောင်းဆိုတယ်လို့ ပြောပါတယ်။

ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ခဲ့တဲ့ သူတို့ရဲ့ ကလပ်လိုင်စင်နဲ့ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းတွေကို ဖြစ်နိုင်ချေရှိတဲ့ ချိုးဖောက်မှုနဲ့ ပတ်သက်လို့ UEFA ရဲ့ စုံစမ်းစစ်ဆေးမှုကိုလည်း ရင်ဆိုင်နေရပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly