မဇ္ဈိမ။ ။ ထိုင်းနိုင်ငံ၊ စမုဆုန်ခရာမ်ခရိုင်၊ စမုဆုန်ခရာမ်မြို့နယ် လယ်ဟိုင်ကျေးရွာအုပ်စု သင်္ဘောကျင်း၌ ပြုပြင်ရန် ရပ်နားထားသည့်သင်္ဘောတစ်စီး ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်အတွင်း မြန်မာနိုင်ငံသား နှစ်ဦးသေဆုံးခဲ့ကာ အခြားအလုပ်သမား ငါးဦးမှာ ပျောက်ဆုံးနေကြောင်း ထိုင်းအခြေစိုက် သတင်းဌာနများတွင်ဖော်ပြသည်။
အခင်းဖြစ်ပွားခဲ့သည့်နေရာနှင့်အနီးစပ်ဆုံးတွင်နေထိုင်သူ မြန်မာနိုင်ငံသား အလုပ်သမား တစ်ဦးဖြစ်သည့် ကိုအောင်ကို မဇ္ဈိမကဆက်သွယ်မေးမြန်းထားသည်။
စာတည်း။ ။ စိုးသူအောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#သင်္ဘောကျင်း
#ပေါက်ကွဲမှု
#ထိုင်းနိုင်ငံ
#သေဆုံး