တရုတ်သံမဏိကုမ္ပဏီကြီးက အလုပ်အကိုင် ၅၀,၀၀၀ အထိလျှော့ချမည်

တရုတ်သံမဏိကုမ္ပဏီကြီးက အလုပ်အကိုင် ၅၀,၀၀၀ အထိလျှော့ချမည်

ပေကျင်း၊ မတ် ၁၂ ။             ။ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးတရုတ်၏ စီးပွားရေးတိုးတက်မှုက နှေးကွေးကာ ပိုလျှံစွာထုတ်လုပ်နိုင်စွမ်းအားကို ထိန်းချုပ်ရန် ရုန်းကန်နေရစဉ် တရုတ်၏ သံမဏီ ထုတ်လုပ်သည့် အကြီးဆုံးကုမ္ပဏီကြီးတစ်ခုသည် အလုပ်အကိုင် ၅၀,၀၀၀အထိ လျှော့ချရန် စီစဉ်နေကြောင်း ကုမ္ပဏီဥက္ကဋ္ဌက ပြောသည်။

ခေါင်းဆောင်ပိုင်းအား ထိခိုက်စေသည့် လူမှုရေးမတည်ငြိမ်မှုအား ရှောင်ရှားနိုင်ရေး စီးပွားရေးပြန်လည်ကောင်းမွန်ရန် ကြိုးစားနေရစဉ် ပေကျင်းရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို နိုင်ငံပိုင် Wuhan Iron and Steel ကုမ္ပဏီ၏ အကြီးအကဲ မစ္စတာမာကို့ချန်က ရှင်းရှင်းလင်းလင်းပြောကြားခဲ့သည်။

ကုမ္ပဏီ၏ သံမဏိဋ္ဌာနတွင် လောလောဆယ် ဝန်ထမ်း ၈၀,၀၀၀ခန့်ရှိသော်လည်း ၎င်းတို့ထဲမှ ၃၀,၀၀၀သာ ကျန်ရှိနိုင်သည်ဟု အမျိုးသားပြည်သူ့ကွန်ဂရက်အစည်းအဝေး၏ ရပ်နားချိန်ကာလတွင် မစ္စတာမာက ပြောသည်။

လွန်ခဲ့သည့်နှစ်က တရုတ်၏ စီးပွားရေးမှာ ၂၅နှစ်အတွင်း အနှေးကွေးဆုံးနှုန်းဖြင့် တိုးတက်ခဲ့သည်။

စီးပွားရေးတိုးတက်မှုကို ထိန်းသိမ်း၍ ပိုမိုကြာရှည်ခံစေရေးအတွက် အာဏာပိုင်များသည် ချေးယူခြင်း၊ ထုတ်လုပ်မှုပိုလျှံခြင်းနှင့် ပစ္စည်းစာရင်းများလျှော့ချရေးတို့ကို ဦးစားပေးလုပ်ဆောင်လျက်ရှိသည်။ သံမဏိထုတ်လုပ်မှုကို ငါးနှစ်အတွင်း တန်ချိန်သန်းပေါင်း ၁၅၀သို့ လျှော့ချရန် ရည်ရွယ်ထားကြောင်း အစိုးရက ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly