ဒီဇယ်ရထားစက်ခေါင်းများ အိန္ဒိယက မြန်မာနိုင်ငံသို့ ပေးပို့မည်

ဒီဇယ်ရထားစက်ခေါင်းများ အိန္ဒိယက မြန်မာနိုင်ငံသို့ ပေးပို့မည်

မြန်မာနိုင်ငံက ရထားလမ်းသယ်ယူပို့ဆောင်ရေးစနစ် မြင့်မားစေရေး အနေဖြင့် အိန္ဒိယနိုင်ငံက ၁၈ မီတာဒီဇယ်လျှပ်စစ်ရထားစက်ခေါင်းများ ပေးပို့သွားမည်ဖြစ်သည်။

ယခုကဲ့သို့ ပေးပို့မှုသည် ၂၀၁၆ မတ် ၄ ရက်က နေပြည်တော်တွင် အိန္ဒိယကုမ္ပဏီ RITES နှင့် မြန်မာ့မီးရထားတို့ကြား သဘောတူလက်မှတ်ရေးထိုးခဲ့မှုအရဖြစ်သည်။ ယင်းလက်မှတ်ရေးထိုးပွဲတွင် မြန်မာ့မီးရထားဝန်ကြီး ဦးဉာဏ်သန်းအောင်နှင့် အိန္ဒိယသံအမတ်ကြီး ဂူတမ်တို့လည်း တက်ရောက်ခဲ့ကြသည်။

အဆိုပါ ရထားစက်ခေါင်းများကို Varanasi စက်ရုံက ထုတ်လုပ်သွားမည်ဖြစ်ပြီး မိုက်ခရိုပရိုစက်ဆာထိန်းချုပ်စနစ်၊ ဆီလောင်ကျွမ်းနှုန်းကောင်းမွန်သည့် အင်ဂျင်နှင့် ထိခိုက်မှုနည်းသည့် ကိုယ်ထည်ဒီဇိုင်းတို့ဖြင့် ထုတ်လုပ်သွားမည်ဖြစ်သည်။

RITES ဥက္ကဖြစ်သူ ရာဂျီက ၎င်းတို့အဖွဲ့အစည်းအနေဖြင့် မီးရထားများ ထုတ်လုပ်တင်ပို့နိုင်မှု ဈေးကွက်အား တိုးတက်အောင် ကြိုးစားလျက်ရှိကြောင်းပြောသည်။ ရထားများ ဝယ်ယူမှုတွင် အရှေ့တောင်အာရှနိုင်ငံများ၏ တုံ့ပြန်မှုက အလွန်အားရစရာဖြစ်ကြောင်းလည်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly