ဂရင်းစလင်းချန်ပီယံဆု လေးကြိမ်ရ နာအိုမီ အိုဆာကာ ကိုယ်ဝန်လွယ်ထားရတယ်လို့ ကြေညာ

ဂရင်းစလင်းချန်ပီယံဆု လေးကြိမ်ရ နာအိုမီ အိုဆာကာ ကိုယ်ဝန်လွယ်ထားရတယ်လို့ ကြေညာ

ဂရင်းစလင်းချန်ပီယံဆု  လေးကြိမ်ရရှိထားတဲ့ နာအိုမီ အိုဆာကာက သူမဟာ ကိုယ်ဝန်လွယ်ထားရပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ကမ္ဘာ့နံပါတ်တစ် ဂျပန်တင်းနစ်မယ်ဟာ စက်တင်ဘာလနောက်ပိုင်း ယှဉ်ပြိုင်ကစားခြင်း မရှိခဲ့ရဘဲ အခုသီတင်းပတ်အစောပိုင်းမှာ သြစတြေးလျအိုးပင်းကနေ နုတ်ထွက်ခဲ့ပါတယ်။

အိုဆာကာဟာ အမေရိကန် ရက်ပ်ပါ Cordae Amari Dunston နဲ့ ၂၀၁၉ ကတည်းက တွဲနေပြီး သန္ဓေသားလောင်းရဲ့ ဓာတ်ပုံကိုပါ Twitter မှာ ပြသထားပါတယ်။

"၂၀၂၃ ဟာ ကျမအတွက် သင်ခန်းစာတွေ ပြည့်နှက်နေမယ့် နှစ်ဖြစ်လိမ့်မယ်"လို့ အိုစကာက ပြောပြီး ၂၀၂၄ မှာ သူမပြန်လာဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

"ကျမ မျှော်လင့်နေတဲ့အရာတစ်ခုက ကလေးက ကျမကစားတဲ့ ပွဲစဉ်တစ်ပွဲကို ကြည့်ပြီး 'ဒါက ငါ့အမေပဲ' လို့ တစ်ယောက်ယောက်ကို ပြောနေတာ ကြည့်ချင်နေပါပြီ။"

အိုဆာကာဟာ ၂၀၂၁ သြစတြေးလျအိုးပင်းမှာ သူမရဲ့ ဂရင်းစလင်း လေးကြိမ်က နောက်ဆုံး ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အမှတ်ရစရာ ချန်ပီယံဆု ရပြီးကတည်းက သူရင်ဆိုင်ခဲ့ရတဲ့ ပြဿနာတွေကို ပြောပြခဲ့ပါတယ်။

၂၀၂၁၊ မေလမှာ ပြင်သစ်အိုးပင်းပြိုင်ပွဲကနေ နုတ်ထွက်ပြီးနောက် သူမဟာ ၂၀၁၈ မှာ သူမရဲ့ ပထမဆုံးသော အဓိကဖလားဖြစ်တဲ့ ယူအက်စ်အိုပင်းကို ဆွတ်ခူးရယူပြီးကတည်းက "စိတ်ကျရောဂါအကြာကြီးခံစားခဲ့ရတယ်"လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

၂၀၂၁ စက်တင်ဘာလမှာ သူမဟာ အားကစားကနေ ငါးလကြာ အနားယူခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly