ကာရာဘောင်းဖလား - ဆီမီးဖိုင်နယ်မှာ မန်ချက်စတာယူနိုက်တက်အသင်း နော်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ရမည်

ကာရာဘောင်းဖလား - ဆီမီးဖိုင်နယ်မှာ မန်ချက်စတာယူနိုက်တက်အသင်း နော်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ရမည်

မန်ချက်စတာယူနိုက်တက်ဟာ ကာရာဘောင်းဖလား (လိဂ်ဖလား)ဆီမီးဖိုင်နယ်မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားရမှာဖြစ်ပြီး ဆောက်သမ်တန်အသင်းက နယူးကာဆယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

စတိဗ်ကူပါရဲ့ ဖောရက်စ်အသင်းဟာ ဗုဒ္ဓဟူးနေ့က ဝုလ်အသင်းကို ၁-၁ သရေကျအပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ၄-၃ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ယူနိုက်တက်နဲ့ ပထမအကျော့ကို အိမ်ကွင်းမှာ လက်ခံကစားသွားမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အောက်ခြေက ဆောက်သမ်တန်က မန်စီးတီးကို ၂-၀ နဲ့ အံ့အားသင့်ဖွယ် အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်နှစ်ကျော့ကို ဇန်နဝါရီ ၂၃ နဲ့ ၃၀ ရက်နေ့တွေမှာ ကစားသွားမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်္ဂါနေ့က အိုးလ်ထရက်ဖို့ဒ်မှာ လိဂ်ဝမ်းကလပ် ချာလ်တန်ကို ၃-၀ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာပါ။

သူတို့ဟာ EFL လိဂ်ဖလားကို မကြာသေးတဲ့ ၂၀၁၇ မှာ ဆွတ်ခူးခဲ့ကာ ၅ ကြိမ် ရရှိခဲ့ပြီး ၁၉၉၂ ဗိုလ်လုပွဲမှာ ဖောရက်စ်ကို အနိုင်ယူခဲ့ပါတယ်။

ပရီးမီးယားလိဂ် တတိယနေရာက နယူးကာဆယ်က လက်စတာကို ၂-၀ နဲ့ အနိုင်ရပြီး နောက်ဆုံးလေးသင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

လိဂ်ဖလား ဆီမီးဖိုင်နယ်မဲခွဲရလဒ်

နော်တင်ဟမ်ဖောရက်စ် vs မန်ချက်စတာယူနိုက်တက်

ဆောက်သမ်တန် vs နယူးကာဆယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required