ကိုဗစ်-၁၉ ကြောင့် သေဆုံးသည်ဟု စာရင်းသွင်းခြင်းမပြုရန် တရုတ်ဆရာဝန်များ ဖိအားပေးခံရ

ကိုဗစ်-၁၉ ကြောင့် သေဆုံးသည်ဟု စာရင်းသွင်းခြင်းမပြုရန် တရုတ်ဆရာဝန်များ ဖိအားပေးခံရ

 

တရုတ်နိုင်ငံတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာမှုနှင့်အတူ နာရေးအိမ်များ များပြားလာသော်လည်း  ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေကို   ၀၀၀ ကျော်သာဖော်ပြထားသည်။ တရုတ်နိုင်ငံမှ ဆရာဝန်များသည် ကိုဗစ်-၁၉ ကို သေဆုံးစေသည့် အကြောင်းရင်းအဖြစ် စာရင်းသွင်းခြင်းမပြုရန် ဖိအားပေးခံနေရကြောင်း NTD သတင်းတွင် ဖော်ပြထားသည်။

ပေကျင်းရှိ ဆေးရုံတစ်ရုံမှ ဆရာဝန်တစ်ဦးသည် ကိုဗစ်-၁၉ ကို သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းအဖြစ် စားရင်းသွင်းခြင်းမပြုရန် ဖိအားပေးခံခဲ့ရသည်ဟု The New York Times ကို ကိုးကား၍ NTD သတင်းတွင် ဖော်ပြထားသည်။ တရုတ်လူမှုမီဒီယာတွင်လည်း အလားတူဖိအားပေးမှုသတင်းများ ပျံ့နှံ့ခဲ့သည်။ အုပ်စုဖွဲ့စကားပြောဆိုမှုတစ်ခုတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို သေဆုံးရသည့်အကြောင်းရင်းအဖြစ် စာရင်းမသွင်းရန် ဆရာဝန်များကို တောင်းဆိုထားသည်ဟု NTD သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် အသက်ရှုလမ်းကြောင်းထိခိုက်ပြီး သေဆုံးသူများကိုသာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအဖြစ် သတ်မှတ်သည်။ ရောဂါအခံရှိသော ကိုဗစ်-၁၉ လူနာများသည် ဗိုင်းရပ်စ်ကြောင့် ကျန်းမာရေး အခြေအနေ ပိုဆိုးလာလျှင်ပင် သေဆုံးပါက ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအဖြစ် ထည့်မတွက်ပေ။

ပေကျင်းမြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံမှ ဆရာဝန်တစ်ဦးနှင့် လုပ်ဖော်ကိုင်ဖက်များသည် မကြာသေးမီရက်ပိုင်းက ဆေးရုံစားပွဲပေါ်တွင် သတိပေးစာတစ်စောင် တွေ့ရှိခဲ့ပြီး ထိုစာသေဆုံးရသည့်အဓိက အကြောင်းအရင်းကို ကိုဗစ်ကြောင့် အသက်ရှုလမ်းကြောင်းထိခိုက်ခြင်းဟု မှတ်ချက်မပြုကြရန် ဆရာဝန်များကို တိုက်တွန်းထားကြောင်း The New York Times တွင် ဖော်ပြထားသည်။

အဆိုပါမှာကြားချက်သည် ဆေးရုံအတွင်း သို့မဟုတ် အစိုးရအရာရှိများ၏ ညွှန်ကြားချက်လားဆိုသည်ကိုမူ   မသဲကွဲကြောင်း ဆရာဝန်များက ပြောသည်။ တရုတ်လူမှုမီဒီယာတွင်လည်း အလားတူ သတိပေးချက်မျိုး ပျံ့နှံ့ခဲ့ပြီး သေဆုံးစာရင်းတွင် ကိုဗစ်ကြောင့်ဟု အမှတ်တမဲ့မရေးရန် ဆရာဝန်များကို မှာကြားထားသည်ဟု New York Times က ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ဆေးရုံတက်ရောက်မှု၊ သေဆုံးမှုနှင့် အထူးကြပ်မတ်ကုသဆောင်တွင် ကုသသူဦးရေများနှင့် ပတ်သက်ပြီး ကိုဗစ်-၁၉  ဖြစ်ပွားမှု၏ ပြင်းထန်မှုကို လျှော့ပေါ့ဖော်ပြနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စွပ်စွဲထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အက်ဒါနွမ်ဂေဘရေယယ်ဆွတ်က တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်တက်လာခြင်းအတွက် စိုးရိမ်မိကြောင်း ဇန်နဝါရီ ၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် တရုတ်နိုင်ငံအတွင်းမှ အသက်အန္တရာယ်ရှိမှုများကို စိုးရိမ်နေပြီး ဆေးရုံတက်ကုသခြင်း၊ ရောဂါပြင်းထန်ခြင်းနှင့် သေဆုံးခြင်းတို့ကို ကာကွယ်ရန် ကာကွယ်ဆေးထိုးခြင်းအပါအဝင် ကာကွယ်ဆေးအားဖြည့်ဆေးထိုးနှံခြင်း၏ အရေးပါမှုကို ထပ်မံပြောကြားခဲ့သည်" ဟု တက်ဒရော့စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံမှာ ရောဂါပျံ့နှံ့မှုမြင့်တက်နေပြီး အချက်အလက်ပြည့်ပြည့်စုံစုံ မရသေးပါဘူး၊ ပြီးခဲ့တဲ့အပတ်က ကျွန်တော်ပြောခဲ့သလိုပဲ နိုင်ငံအချို့က မိမိနိုင်ငံသားတွေကို အကာအကွယ်ပေးမယ်လို့ ယုံကြည်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်နေကြတယ်ဆိုတာ နားလည်နိုင်ပါတယ်။ ဒီအချက်အလက်တွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ တစ်ကမ္ဘာလုံးအတွက် အသုံးဝင်တာကြောင့် မျှဝေဖို့ နိုင်ငံတိုင်းကို တိုက်တွန်းပါတယ်” ဟု တက်ဒရော့စ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly