အဝတ်ဟောင်းဆိုင်ကအဝတ်တွေပဲ ၀ယ်ဝတ်တဲ့ ဘီလျံနာသူဌေးကြီး

အဝတ်ဟောင်းဆိုင်ကအဝတ်တွေပဲ ၀ယ်ဝတ်တဲ့ ဘီလျံနာသူဌေးကြီး

စတော့ဟုမ်း၊ မတ်၊ ၁၁ ။             ။ ကမ္ဘာကျော် ဘီလျံနာသူဌေးကြီးတွေမှာ တစ်ယောက်တစ်မျိုးဆိုသလို ထူးခြားတဲ့အမူအကျင့်တွေ ရှိတတ်ကြပါတယ်။

ကမ္ဘာကျော် ပရိဘောဂနဲ့ အိမ်တွင်းသုံးပစ္စည်းတွေထုတ်လုပ်တဲ့ ကုမ္ပဏီကြီး IKEA ကိုတည်ထောင်သူ ဆွီဒင်လူမျိုး ဘီလျံနာသူဌေးကြီး အင်ဂဗာခမ်းပရက်ဒ် ရဲ့ ထူးခြားတဲ့အကျင့်ကတော့ တန်ဖိုးကြီးအဝတ်အစားအသစ်တွေကို မဝတ်ဘဲ အဝတ်ဟောင်းဆိုင်တွေကနေသာ ဝယ်ဝတ်လေ့ရှိတာပဲ ဖြစ်ပါတယ်။

အသက် ၈၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခမ်းပရက်ဒ်ဟာ ကမ္ဘာ့စတုတ္ထအချမ်းသာဆုံးဘီလျံနာသူဌေးအဖြစ်တောင် သတ်မှတ်ခံခဲ့ရဖူးသူဖြစ်ပြီး ကပ်စည်းနည်းတတ်သူတစ်ယောက်အဖြစ် နာမည်ကျော် သူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့သူ့အနေနဲ့ အဝတ်ဟောင်းတွေကို ဝယ်ဝတ်တယ်ဆိုတာက ပိုက်ဆံအကုန်အကျသက်သာဖို့အပြင် သူ့ပတ်ဝန်းကျင်ကလူတွေအတွက် စံနမူနာကောင်းဖြစ်ဖို့လည်း ရည်ရွယ်တယ်လို့ ခမ်းပရက်ဒ်ကရှင်းလင်းပြောကြား ထားပါတယ်။

ဒါ့အပြင်သူ့ရဲ့ ခြိုးခြံချွေတာတတ်တဲ့အကျင့်က IKEA ကို ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်တစ်ခုအဖြစ်ရောက်အောင် ပို့ပေးနိုင်ခဲ့တယ်လို့ ယူဆကြောင်းလည်း ခမ်းပရက်ဒ်က ပြောကြားထားပါသေးတယ်။

ဆွီဒင်မီဒီယာတွေက နောက်ဆုံးရရှိထားတဲ့အချက်အလက်တွေအရ ခမ်းပရက်ဒ်ရဲ့ ပိုင်ဆိုင်မှုစုစုပေါင်းဟာ ပေါင် ၅၁ ဘီလျံ လောက်အထိ ရှိမယ်လို့ ခန့်မှန်းရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags