မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ ပီအက်စ်ဂျီနဲ့ ဆော်ဒီလက်ရွေးစင်ကလပ်အသင်းတို့ကြား ခြေစမ်းပွဲမှာ တွေ့ဆုံဖို့ ရှိ

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ ပီအက်စ်ဂျီနဲ့ ဆော်ဒီလက်ရွေးစင်ကလပ်အသင်းတို့ကြား ခြေစမ်းပွဲမှာ တွေ့ဆုံဖို့ ရှိ
File photo: EPA

လီယွန်နယ် မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကလပ်အသစ် အယ်လ်နာဆာနဲ့ သူတို့ရဲ့ ဆော်ဒီပြိုင်ဘက်အသင်း အယ်လ်ဟီလာတို့မှ ရွေးချယ်ထားတဲ့ ကစားသမားတွေပါဝင်တဲ့ အသင်းနဲ့ ဇန်နဝါရီ ၁၉ ရက်မှာ မြို့တော်ရီယာ့ဒ်မှာ ခြေစမ်းပွဲ ကစားမှာဖြစ်တယ်လို့ ပြင်သစ်ချန်ပီယံများအသင်းက တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

ကာတာပိုင် ပီအက်စ်ဂျီအသင်းဟာ ဇန်နဝါရီ ၁၇ ရက်မှာ ဒိုဟာမြို့ကို သွားရောက်မှာဖြစ်ပြီး ဆော်ဒီမြို့တော်က King Fahd အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် မက်ဆီနှင့် ရော်နယ်ဒိုတို့ ပြိုင်ဆိုင်မှုသစ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

မက်ဆီဟာ ဒီဇင်ဘာလက ကာတာမှာ ကမ္ဘာ့ဖလားဆွတ်ခူးအပြီး နှစ်ပတ်ကြာအနားယူခဲ့ရပြီးနောက် ပြီးခဲ့တဲ့ အပတ်က ပီအက်စ်ဂျီနဲ့ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပါတယ်။

ဖေဖော်ဝါရီလမှာ အသက် ၃၈ နှစ်ပြည့်မယ့် ရော်နယ်လ်ဒိုဟာ ၂၀၂၅ ခုနှစ်အထိ စာချုပ်အတွက် သဘောတူညီထားပြီးနောက် မကြာသေးခင်ကမှ အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ခဲ့ပြီး အယူရိုသန်း ၂၀၀ (ဒေါ်လာ 214 သန်း) ကျော်တန်ကြေးရှိတယ်လို့ သိရပါတယ်။

ပြင်သစ်သား ရူဒီဂါစီယာက နည်းပြတဲ့ အယ်လ်နာဆာဆီ သူရဲ့ပြောင်းရွှေ့မှုဟာ ဆော်ဒီအာရေးဗီးယား၊ ဂရိ၊ အီဂျစ်တို့နဲ့အတူ ၂၀၃၀ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းဖို့ ဖြစ်နိုင်ချေရှိတဲ့ ပူးပေါင်းကမ်းလှမ်းမှုမတိုင်ခင် ဆော်ဒီအာရေးဗီးယားနိုင်ငံအတွင်း ဘောလုံးပရိုဖိုင်ကို မြှင့်တင်ဖို့ ကြိုးပမ်းနေစဉ် ရောက်ရှိလာတာပါ။

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း ဘလွန်ဒီအော်ဆုကို ၁၂ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘာစီလိုနာအတွက် မက်ဆီနဲ့ ရီးယဲလ်မက်ဒရစ်အတွက် ရော်နယ်လ်ဒိုတို့ ကစားခဲ့ချိန်က စပိန်မှာ သူတို့ဟာ အချင်းချင်း ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ကိုးနှစ်တာကာလအတွင်း သူတို့ရဲ့ပြိုင်ဆိုင်မှု ကြီးထွားလာခဲ့ပါတယ်။

ရီယာ့ဒ်ကလပ် အယ်လ်ဟီလာနဲ့ အယ်လ်နာဆာတို့ဟာ ဆော်ဒီအာရေးဗီးယားရဲ့ အအောင်မြင်ဆုံးနှစ်သင်းဖြစ်ပါတယ်။

၂၀၁၁ မှာ ပင်လယ်ကွေ့နိုင်ငံက ပီအက်စ်ဂျီကို ဝယ်ယူခဲ့ပြီးနောက်ပိုင်း ကလပ်အသင်းဟာ ဆောင်းရာသီမှာကာတာကို ခရီးထွက်လေ့ရှိပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required