ဂျပန်တွင် ဆူနာမီ ၅ နှစ်ပြည့် ၀မ်းနည်းကြောင်း အခမ်းအနားကျင်းပ

ဂျပန်တွင် ဆူနာမီ ၅ နှစ်ပြည့် ၀မ်းနည်းကြောင်း အခမ်းအနားကျင်းပ

တိုကျို၊ မတ်၊ ၁၁ ။          ။ ဂျပန်နိုင်ငံတွင် လူပေါင်း ၁၈၀၀၀ ခန့်သေဆုံး၊ ပျောက်ဆုံးခဲ့ရသည့် ဆူနာမီငလျင် ကြေကွဲဖွယ်အဖြစ်ဆိုး ဖြစ်ပွားခဲ့သည့် ၅ နှစ်ပြည့် ဝမ်းနည်းကြောင်းအခမ်းအနားကို ယနေ့ကျင်းပခဲ့သည်။

၂၀၁၁ ခုနှစ်၊ မတ်လ၊ ၁၁ ရက် က ငလျင်လှုပ်ခတ်ခဲ့သည့်အချိန်ဖြစ်သော ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ၊ ၄၆ မိနစ် တွင် ဂျပန်နိုင်ငံတဝမ်းလုံးတွင် ဝမ်းနည်းခြင်းအထိန်းအမှတ်အဖြစ် ၁ မိနစ်ခန့်ငြိမ် သက်ကြမည် ဖြစ်သည်။

ထို့အပြင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဂျပန်ဘုရင် အာခီဟီတို တို့ကလည်း တိုကျိုရှိ အထိမ်းအမှတ်နေရာတွင် အမှတ်တရ ပန်းစည်းများချသွားကြမည် ဖြစ်သည်။

၂၀၁၁ ခုနှစ်၊ မတ်လတွင် ပြင်းအား ၉.၀ အဆင့်ရှိ ငလျင်ကြီး ပင်လယ်ကမ်းလွန်တွင်လှုပ်ခတ်ပြီး ကြီးမားသောရေလှိုင်းကြီး များ ဖြစ်ပေါ်ကာ ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းကို တစစီဖျက်စီးပစ်ခဲ့သည်။

ထို့ပြင် ယင်းဆူနာမီကြောင့် ဖူကူရှီးမားနျူကလီးယားစက်ရုံတွင် ၁၉၈၆ ခုနှစ်က၊ ချာနိုဘိုင်းလ် နျူကလီးယားစက်ရုံ မတော်တဆမှုပြီးလျှင် ဒုတိယမြောက်အဆိုးဆုံးနျူကလီးယားယိုစိမ့်မှုပါ ဖြစ်ပွားခဲ့ရသည်။

ဖူကူရှီးမားနျူကလီးယားစက်ရုံယိုစိမ့်မှုကြောင့် ယင်းဒေသရှိ ဒေသခံ ၁၆၀၀၀၀ ခန့်မှာ အိုးအိမ်များစွန့်ခွာကာ အရေးပေါ်ရွှေ့ပြောင်းခဲ့ရပြီး ၎င်းတို့၏နေအိမ်များသို့လည်း ပြန်ခွင့်မရတော့ချေ။

ဆူနာမီအဖြစ်ဆိုးကြီးမှ အသက်ရှင်လျက်လွတ်မြောက်လာသူများမှာလည်း လက်ရှိအချိန်ထိ ထိတ်လန့်ချောက်ချားဖွယ် စိတ်ဒဏ်ရာများကို ခံစားနေကြရဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly