ပေါ်တူဂီနည်းပြအဖြစ် ရောဘတ်တို မာတီနက်ဇ်ကို ခန့်အပ်

ပေါ်တူဂီနည်းပြအဖြစ် ရောဘတ်တို မာတီနက်ဇ်ကို ခန့်အပ်
Photo: EPA

ဘယ်လ်ဂျီယံနဲ့ အဲဗာတန်အသင်းနည်းပြဟောင်း ရောဘတ်တို မာတီနက်ဇ်ကို ပေါ်တူဂီအသင်းနည်းပြအဖြစ် တနင်္လာနေ့က ခန့်အပ်လိုက်ပါတယ်။

အသက် ၄၉ နှစ်အရွယ် စပိန်သားဟာ ပြီးခဲ့တဲ့လက ပေါ်တူဂီအသင်း ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ မော်ရိုကိုကို ရှုံးနိမ့်ပြီးနောက်တွင် ရာထူးမှနုတ်ထွက်ခဲ့တဲ့ ဖာနန်ဒိုဆန်းတို့စ်နေရာကို အစားထိုးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ ကာတာမှာ အုပ်စုအဆင့်ကနေ ထွက်ပြီးနောက် ဘယ်လ်ဂျီယံနည်းပြအဖြစ်ကနေ နုတ်ထွက်ခဲ့တာပါ။

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖာနန်ဒိုဂိုမက်စ်က “ဒါဟာ နိုင်ငံအသင်းအတွက် အရေးကြီးတဲ့ အခိုက်အတန့်တစ်ခုပါပဲ။"လို့ ပြောပါတယ်။

အဲဗာတန်ကို မတာဝန်ယူခင် ဝီဂန်နည်းပြအဖြစ် လေးနှစ်အထိ ကိုင်တွယ်ခဲ့တဲ့ မာတီနက်ဇ်ဟာ ၂၀၁၆ မှာ ဘယ်လ်ဂျီယံနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး အသင်းကို ၂၀၁၈ မှာ ဖီဖာအဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးမှာ ဦးဆောင်ပေးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly