အဲဗာတန်ရဲ့ အဲလက်စ် အီဝိုဘီ ခြေချင်းဝတ်အရွတ် ဒဏ်ရာကြောင့် သုံးပတ်ကြာ အနားယူရဖွယ်ရှိ

အဲဗာတန်ရဲ့ အဲလက်စ် အီဝိုဘီ ခြေချင်းဝတ်အရွတ် ဒဏ်ရာကြောင့် သုံးပတ်ကြာ အနားယူရဖွယ်ရှိ
Photos: EPA

အဲဗာတန် ကွင်းလယ်ကစားသမား အဲလက်စ် အီဝိုဘီဟာ သောကြာနေ့က မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ်အရွတ် ဒဏ်ရာရရှိခဲ့အပြီး သုံးပတ်လောက် အနားယူရဖွယ် ရှိနေပါတယ်။

တော်ဖီစ်တို့ဟာ FA ဖလား တတိယအကျော့ အိုးထရက်ဖို့ဒ်မှာ ၃-၁ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ တိုင်ရဲလ် မာလာစီယာရဲ့ ဖြတ်ထုတ်မှုကြောင့် ဒုတိယပိုင်းအတွင်း ကွင်းလယ် ကစားသမားဟာ ကွင်းပြင်ကို ထမ်းစင်ဖြင့် ထွက်ခွာသွားခဲ့ပါတယ်။

အဆိုပါ ဒဏ်ရာဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဘရိုက်တန်ကို အိမ်ကွင်းမှာ အကြီးအကျယ်ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ် တန်းဆင်းဇုန်ကို ရောက်သွားခဲ့တဲ့ အဲဗာတန်အတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။

နောက်ခံလူ ကော်နာ ကိုဒီက သူတို့ဟာ "ဆိုးရွားသော နေရာ"မှာ ရောက်ရှိတယ်လို့ ဝန်ခံခဲ့ပေမယ့်လည်း သူတို့ဟာ ဖိအားအောက်ရောက်နေတဲ့ မန်နေဂျ ာဖရန့်လမ်းပတ်အတွက် တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly