အိုင်ဗရီကို့စ်တိုက်စစ်မှူး ဒေးဗစ်ဒါထရို ဖိုဖာနာနဲ့ ကွင်းလယ်ကစားသမား အန်ဒရီ ဆန်းတို့စ်ကို ချယ်လ်ဆီး ခေါ်ယူ

အိုင်ဗရီကို့စ်တိုက်စစ်မှူး ဒေးဗစ်ဒါထရို ဖိုဖာနာနဲ့ ကွင်းလယ်ကစားသမား အန်ဒရီ ဆန်းတို့စ်ကို ချယ်လ်ဆီး ခေါ်ယူ

ချယ်လ်ဆီးအသင်းဟာ မော်လ်ဒီအသင်းမှ အိုင်ဗရီကို့စ်တိုက်စစ်မှူး ဒေးဗစ် ဒါထရို ဖိုဖာနာနဲ့ ဗက်စ်ကိုဒါဂါမာမှ ဘရာဇီးလ်ကွင်းလယ်လူ အန်ဒရီ ဆန်းတို့စ်တို့ကို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

အသက် ၂၀ အရွယ် ဖိုဖာနာဟာ ပြောင်းရွှေ့ကြေး ပေါင် ၈ သန်းနဲ့ ၁၀ သန်းကြားဖြင့် ၂၀၂၉ ခုနှစ်အထိ ခြောက်နှစ်စာချုပ်ဖြင့် ရောက်ရှိလာပြီး တစ်နှစ် သက်တမ်းတိုးခွင့်ရှိပါတယ်။

အသက် ၁၈ နှစ်ရှိ ဘရာဇီးလ် ယူ-၂၀ လက်ရွေးစင် ဆန်းတို့စ်ဟာ ပေါင် ၁၈ သန်းဖြင့် ပြောင်းရွှေ့လာခဲ့တာပါ။

ချယ်လ်ဆီးဟာ မိုနာကိုအသင်းကနေ ပေါင် ၃၅ သန်းနဲ့ ပြင်သစ်နောက်ခံလူ Benoit Badiashile ကို ခေါ်ယူလာပြီးနောက် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ အခုဆိုရင် ခေါ်ယူမှု (၃) ခု ပြုလုပ်ထားပြီးဖြစ်ပါတယ်။

ဖိုဖာနာဟာ နော်ဝေချန်ပီယံ မော်လ်ဒီအသင်းအတွက် ၆၅ ပွဲကစား ၂၄ ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဆန်းတို့စ်ဟာ ဗက်စ်ကိုဒါဂါမာအတွက် ၃၈ ပွဲကစားပြီး ၈ ဂိုး သွင်းယူထားပါတယ်။

သူဟာ ၂၀၂၂ ရာသီမှာ သူ့အသင်း ဘရာဇီးလ် ထိပ်တန်းလိဂ်ကို ပြန်လည်တန်းတက်ရာမှာ အဓိကအခန်းကဏ္ဍကနေ မပါဝင်ခင် အသက် ၁၇ နှစ်အရွယ် ၂၀၂၁ မှာ လိဂ်ပွဲဦးထွက်ကစားခဲ့သူဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required