ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါ၀င်ရန် ဂျပန် အဆင့်မြင့်ရေငုပ်သင်္ဘော သြစတြေးလျသွားမည်

ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါ၀င်ရန် ဂျပန် အဆင့်မြင့်ရေငုပ်သင်္ဘော သြစတြေးလျသွားမည်

ဆစ်ဒနီ၊ မတ် ၁၁ ။          ။ ဂျပန်၏ အဆင့်မြင့်ဆုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောသည် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် လာမည့်လတွင် သြစတြေးလျသို့ သွားရောက်မည်ဟု ၎င်း၏ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်သည်။ ယင်းသို့သွားရောက်မှုမှာ သြစတြေးလျ၏ ပေါင် ၂၅ ဘီလျံတန် ကာကွယ်ရေးကန်ထရိုက်တစ်ခုကို ရရှိရန် ဂျပန်ကြိုးစားခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်သည်။

သြစတြေးလျ၏ နောက်ရေငုပ်သင်္ဘောတပ်အတွက် ပြိုင်ဆိုင်မှုမှာ ကျဉ်းမြောင်းလာခဲ့ပြီး ပြင်သစ်၏ နိုင်ငံတော်က ထိန်းချုပ်ထားသော ရေတပ်ကန်ထရိုက်တာ DCNS နှင့် ဂျပန်၏ မစ်ဆူဘီရှီအကြီးစားစက်မှုလုပ်ငန်း၊ ကာဝါဆာကီအကြီးစားစက်မှုလုပ်ငန်းတို့သာ ပြိုင်ရန်ရှိတော့သည်။ ဂျပန်၏ Soryu ရေငုပ်သင်္ဘောနှင့် ဖရီးဂိတ်စစ်သင်္ဘောနှစ်စင်းတို့သည် ဆစ်ဒနီတစ်ဝိုက် ပင်လယ်ပြင်တွင် သြစတြေးလျရေတပ်နှင့် စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက မတ် ၁၀တွင် ထုတ်ပြန်ခဲ့သည်။ ၁၁ရက်ကြာခရီးစဉ်အပြီး ၎င်းသင်္ဘောများ ဧပြီ၂၆တွင် အိမ်ပြန်မည်ဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည့်အကြောင်း သြစတြေးလျကာကွယ်ရေးဋ္ဌာနက အတည်ပြုသော်လည်း မည်သည့်သင်္ဘောများပါဝင်မည်ကို မပြောကြားခဲ့ပေ။ ဂျပန်၏ တန် ၄,၀၀၀ Soryu သည် ပြင်သစ်၏ တန် ၅,၀၀၀ နျူကလီးယားစွမ်းအင်သုံးBarracuda၏ ဒီဇယ်အီလက်ထရစ်ဗားရှင်းကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly