နေမာရဲ့ နောက်ဆုံးပေါ် သူငယ်ချင်း

နေမာရဲ့ နောက်ဆုံးပေါ် သူငယ်ချင်း

ဘာစီလိုနာတိုက်စစ်မှူး နေမာက မိန်းကလေး သူငယ်ချင်း ပေါများသူ ဖြစ်ပါတယ်။ အခု သူ့ရဲ့ နောက်ဆုံးပေါ် သူငယ်ချင်းကတော့ ကိုလံဘီယာ မော်ဒယ် လီလီယာနာ ဟီနာအို လို့ အမည်ရသူလေး ဖြစ်ပါတယ်။

သူတို့နှစ်ယောက်က Instagram မှာ မက်ဆေ့တွေ အပြန်အလှန် ပေးပို့ရင်း ရင်းနှီးတဲ့သူငယ်ချင်းတွေ ဖြစ်လာကြတာပါ။ ဟီနာအိုရဲ့ Instagram အကောင့်ကို နေမာက ရှာဖွေပြီး စတင် မက်ဆေ့ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

နေမာနဲ့ ဒီလိုရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရလို့ ဟီနာအိုကလည်း ဘဝင်ကျပြီး သဘောခွေ့လျက်ရှိနေပါတယ်။ ' Instagram မှာ သူနဲ့ စကားတွေ ပြောဖြစ်ပါတယ်။ သူက မက်ဆေ့စပို့တော့ ကျွန်မ အံ့သြခဲ့ရပါသေးတယ်။ ကျွန်မရဲ့ Instagram အကောင့်ကို သူ ဘယ်လိုရသွားလဲ ဆိုတာတော့ မသိပါဘူး။ ကျွန်မနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတစ်ခုခုကနေ ရတာဖြစ်နိုင်သလို၊ စပိန်မှာ ထုတ်တဲ့ မဂ္ဂဇင်းတွေကနေ တစ်ဆင့် ရသွားတာလည်း ဖြစ်နိုင်ပါတယ်' လို့ လီလီယာနာ ဟီနာအို က ပြောပါတယ်။

ဆွဲဆောင်မှု အရှိဆုံး ကိုလံဘီယာ မော်ဒယ် ၂၀ ဦးမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဟီနာအိုက သူတို့ရဲ့လက်ရှိဆက်ဆံရေးက သူငယ်ချင်းအဆင့်သာ ရှိသေးပေမယ့် တစ်ခုခု ဖြစ်လာနိုင်တယ်ဆိုတာ မငြင်းခဲ့ပါဘူး။ 'ဘာစီလိုနာကို သွားချင်သွားမှာပါ။ နေမာက ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့သူဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး' လို့ ဟီနာအိုက ဆိုထားပါတယ်။

ရည်ညွှန်း elbalonrosa

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly