မန်ယူနှင့် ဒုတိယအကျော့တွင် လီဗာပူးလ် ပိုကောင်းလာဦးမည်ဟု ကလော့ပ်ပြော

မန်ယူနှင့် ဒုတိယအကျော့တွင် လီဗာပူးလ် ပိုကောင်းလာဦးမည်ဟု ကလော့ပ်ပြော

မတ် ၁၁၊ လီဗာပူးလ်။           ။ ယူရိုပါလိဂ်ပထမအကျော့တွင် မန်ယူအသင်းကို အနိုင်ရသည့်ပွဲမှ လီဗာပူးလ်အသင်း၏ခြေစွမ်းကိုကျေနပ်နေသည့် ဂျာဂင်ကလော့ပ်က လာမည့်တစ်ပတ် အိုးထရက်ဒ်ဖို့တွင်ပြန်တွေ့သည့်အခါ အသင်း၏ခြေစွမ်းပို၍ပင်ကောင်းလာဦးမည်ဟု ပြောဆိုလိုက်သည်။

လီဗာပူးလ်အသင်းသည် အန်ဖီးလ်တွင် ၂-၀ ဂိုးဖြင့်အနိုင်ရခဲ့ပြီး မန်ယူဂိုးသမားဒီဂီယာအကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့၍သာ ထိုထက်ပို ဂိုးမပြတ်ခဲ့ခြင်းဖြစ်သည်။

စတူးရစ်ချ်နှင့် ဖာမင်နိုတို့ဂိုးသွင်းသည်ကိုတွေ့မြင်ခဲ့ရသည့် ကလော့ပ်က ဒုတိယအကျော့၌အဝေးဂိုးတစ်ဂိုးရလျှင်ပင် နောက်တစ်ဆင့်တက်မည်ဟု ယုံကြည်နေသည်။

"ကျွန်တော်တို့အဲဒီမှာတစ်ဂိုးလောက်ရအောင်ကြိုးစားချင်တယ်။ အဲဒါဆိုသူတို့လေးဂိုးပြန်သွင်းဖို့လိုသွားပြီ။ ပြင်ဆင်ချိန်တစ်ပတ်ရတာ ကောင်းပါတယ်။ အဲဒီအချိန်အတွင်းမှာလိုချင်တဲ့ပုံစံရဖို့ ပြင်သွားမယ်။

ဒီပွဲပြီးရလဒ်က ပြီးပြည့်စုံတဲ့ရလဒ်ဖြစ်ပေမယ့် ကျွန်တော်တို့ဒီထက်ပိုကောင်းအောင် ကစားနိုင်သေးတယ်။ ကျွန်တော်တို့ဂိုးပိုသွင်းနိုင်ခဲ့ရမှာ။ ဒီဂီယာက သိပ်ကောင်းတဲ့ဂိုးသမားဆိုတာ သိထားတဲ့အတွက် ကျွန်တော်တို့ ဂိုးကန်သွင်းခွင့်များများရဖို့ လုပ်ရမယ်"ဟု ကလော့ပ်က ဆိုသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly