တရုတ်မှ ဆိုက်ရောက်ခရီးသည်များကို ကိုဗစ်စည်းမျဉ်းတင်းကျပ်သည့်နိုင်ငံများတွင် ကနေဒါ ပါဝင်လာ

By ANI
06 January 2023
တရုတ်မှ ဆိုက်ရောက်ခရီးသည်များကို ကိုဗစ်စည်းမျဉ်းတင်းကျပ်သည့်နိုင်ငံများတွင် ကနေဒါ ပါဝင်လာ

တရုတ်နိုင်ငံတွင် တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ပြန်လည်ရုပ်သိမ်းပြီးနောက် ကိုဗစ်-၁၉ ကူးစက်မှု ပြန်လည်မြင့်တက်လာသဖြင့် ကနေဒါကလည်း အခြားနိုင်ငံများနည်းတူ တရုတ်ပြည်မကြီး၊ ‌ဟောင်ကောင် နှင့် မကာအိုမှ လာသော ခရီးသည်များကို  ကိုဗစ်-၁၉ စစ်ဆေးမှုများ မဖြစ်မနေ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ကနေဒါ အခြေစိုက် Television Network CTV ရုပ်သံဌာနက ထုတ်လွှင့်ခဲ့သည်။ 

ကနေဒါအစိုးရက   အဆိုပါဒေသများမှ ဆိုက်ရောက်ခရီးသည်များအား ဇန်နဝါရီ ၅ ရက်မှစတင်ကာ ကိုဗစ်စစ်ဆေးမှုပြုလုပ်မည်ဟု ကြေညာခဲ့ပြီး အသက် ၂ နှစ် နှင့် အထက်ခရီးသည်များသည် ကနေဒါသို့မလာရောက်မီ ကိုဗစ်ကင်းစင်ကြောင်း ဆေးစစ်ချက် ရှိရန်လိုအပ်သည်ဟု ဆိုသည်။
ဗြိတိန်အစိုးရကလည်း တရုတ်နိုင်ငံမှ ရောက်ရှိလာသော ခရီးသည်များအား ကိုဗစ်-၁၉ အကြိုစစ်‌ဆေးမှု လိုအပ်ကြောင်း ဒီဇင်ဘာ ၂၉ ရက်နေ့က ကြေညာခဲ့သည်။
ထို့အတူ ပြင်သစ်က  တရုတ်နိုင်ငံမှ ခရီးသွားများအတွက် မထွက်ခွာမီ ၄၈ နာရီအတွင်း စမ်းသပ်ထားသည့် ကိုဗစ်စစ်ဆေးချက်လိုအပ်ကြောင်း ကြေညာခဲ့သည်။
ခရီးတစ်ထောက်နားမှုအပါအဝင် တရုတ်နိုင်ငံမှ လာသော လေယာဉ်ခရီးစဉ်အားလုံးမှခရီးသည်များသည် ကိုဗစ်စစ်ဆေးမှု ပြုလုပ်ရမည်ဖြစ်ကာ နှာခေါင်းစည်းများလည်း တပ်ဆင်ရမည်ဖြစ်သည်။
တရုတ်နိုင်ငံ၌ နိုဝင်ဘာလက ဒေတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှု စံချိန်တင်တိုးလာခဲ့သည်။
ရောဂါကူးစက်မှု အခြေအနေများ ပိုမိုဆိုးရွားလာခြင်းကြောင့် အာဏာပိုင်များက ဒေသခံများအား နေ့စဉ် ဓာတ်ခွဲစမ်းသပ်မှုများ လုပ်ဆောင်စေကာ အချို့နေရာများတွင် တစ်စိတ်တစ်ပိုင်း အသွားအလာပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။  
ပေကျင်းနှင့် ရှန်ဟိုင်း အပါအဝင် တရုတ်နိုင်ငံ အဓိက မြို့ကြီးများတွင် အထူးသဖြင့် နိုဝင်ဘာ ၂၄ ရက်မှ စတင်၍ ကန့်သတ်စီမံချက်များ တင်းကျပ်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly