မြိတ်အကျဉ်းထောင်မှလွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ဒေါက်တာမင်းထက်ပိုင် ထောင်ဘူး၀ တွင် ပြန်လည်အဖမ်းခံရ

By ကိုရွှေမြိတ် (မဲဆောက်)
05 January 2023
မြိတ်အကျဉ်းထောင်မှလွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ဒေါက်တာမင်းထက်ပိုင် ထောင်ဘူး၀ တွင် ပြန်လည်အဖမ်းခံရ

(မဇ္ဈိမ)။ ။မြိတ်အကျဉ်းထောင်မှ အကျဉ်းသား ၈၀ ကျော်လွတ်ပေးခဲ့သည့်အနက် နိုင်ငံရေး အကျဉ်းသားတစ်ဦးဖြစ်သည့် ဒေါက်တာမင်းထက်ပိုင်ကို အခြားအမှုကပ်ပြီး ထောင်ဘူး၀အရှေ့တွင် ပြန် လည်ဖမ်းဆီးသွားကြောင်း လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများထံမှ သိရသည်။

ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးက“ထောင်ဘူး၀အရှေ့ရောက်ပြီးမှ အခြား အမှုနဲ့ပြန်ကပ်ခံရသူက ဒေါက်တာမင်းထက်ပိုင်ပါ။ သူက ပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ်သုံးနှစ် ချခံထားရသူ ဖြစ်ပါတယ်”ဟု ပြောသည်။

ဒေါက်တာ မင်းထက်ပိုင်သည် မြိတ်မြို့ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်သူတစ်ဦးဖြစ်ကာ Facebook လူမှု ကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသား၍ ဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်လာအောင် စည်းရုံးလှုံ့ဆော်သည်ဟုဆိုကာ စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဧပြီလဆန်းပိုင်းတွင် မြိတ်မြို့နယ်၊ ပသောင်း ကျေးရွာအုပ်စု၊ ကြေးနန်းတိုင်တံတား၌ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် ဖမ်းဆီးခံခဲ့ရသူတစ်ဦး ဖြစ်သည်။

ဇန်နဝါရီလ ၄ ရက်နေ့က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံအဝှမ်းမှ အကျဉ်းသား၊ အကျဉ်းသူ ၇,၀၁၂ ဦးအား ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ဒေါက်တာမင်းထက်ပိုင်အား အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်ကာ ပြန်လည်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရ သည်။

မြိတ်အကျဉ်းထောင်တွင် ယမန်နေ့က အမျိုးသား ၆၁ ဦးနှင့် အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၈၂ ဦး ပြန်လည် လွတ်မြောက်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၂၀ ခန့်သာပါဝင်ကြောင်း လွတ်မြောက်လာသူများ၏ခန့်မှန်း ပြောဆိုချက်အရ သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required