အက်သလက်တီကိုနဲ့ ဘာစီလိုနာ ပွဲစဉ်မတိုင်မီ ပွဲပယ်ခံရတဲ့ လီဝန်ဒေါစကီး

အက်သလက်တီကိုနဲ့ ဘာစီလိုနာ ပွဲစဉ်မတိုင်မီ ပွဲပယ်ခံရတဲ့ လီဝန်ဒေါစကီး
Photo: EPA

ဘာစီလိုနာတိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးရဲ့ သုံးပွဲပယ်ပြစ်ဒဏ်ကို စပိန်အားကစားတရားရုံးက ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ပြီး သူဟာ လာလီဂါမှာ တနင်္ဂနွေနေ့ အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့အပတ်က တခြား မက်ဒရစ်တရားရုံးမှ ဆိုင်းငံ့ပြစ်ဒဏ်ကို ချမှတ်ခဲ့ပြီးနောက် အဲဒီဆုံးဖြတ်ချက်ကို လိုက်နာမှာဖြစ်တယ်လို့ ကလပ်သတင်းရင်းဖြစ်တစ်ခုက AFP ကို ပြောခဲ့ပါတယ်။ ဒီတရားရုံးက စနေနေ့က အက်စ်ပန်ညိုနဲ့ပွဲမှာ သူ့ကို ကစားခွင့်ပြုခဲ့ပါတယ်။

လီဝန်ဒေါစကီးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်ခင် နိုဝင်ဘာလက အိုဆာဆူနာနဲ့ပွဲမှာ အနီကတ်ပြခံရပြီးနောက် ဆိုင်းငံ့ခြင်းခံခဲ့ရတာပါ။

သူ့ရဲ့ ပွဲပယ်မှုကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တာကြာင့် လာလီဂါ ဂိုးသွင်းအများဆုံး ပိုလန်တိုက်စစ်မှူးဟာ ဒီဇင်ဘာ ၃၁ ရက်က ကတ်တလန်ဒါဘီမှာ ပါဝင်ကစားနိုင်ခဲ့ပေမယ့်လည်း တစ်ဂိုးစီသရေကျတဲ့ပွဲမှာ ဂိုးသွင်းနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။

အက်စ်ပန်ညိုအသင်းက တရားရုံးဆုံးဖြတ်ချက်ကြောင့် ဒေါသထွက်ခဲ့ပြီး သူတို့ရဲ့ ဥက္ကဋ္ဌနဲ့ ဘုတ်အဖွဲ့ဟာ ဘာစီလိုနာနှင့်ပွဲကို တက်ရောက်ဖို့ ငြင်းဆိုခဲ့ပါတယ်။

လီဝန်ဒေါစကီးဟာ အခုအခါ အက်သလက်တီကို၊ ဂီတာဖေး၊ ဂီရိုနာတို့နဲ့ ယှဉ်ပြိုင်ရမယ့် လိဂ်ဦးဆောင်သူရဲ့ ပွဲစဉ်တွေကို လွဲချော်တော့မှာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟောင်းဟာ အိုဆာဆူနာနဲ့ပွဲမှာ ထုတ်ပယ်ခံခဲ့ရတဲ့အတွက် သူ့ရဲ့အလိုအလျောက်တစ်ပွဲပယ်နဲ့ ဒိုင်လူကြီးကို မလေးစားမှုလို့ ထင်မြင်ရတဲ့ အမူအရာကြောင့် နောက်ထပ်နှစ်ပွဲ ထပ်မံပွဲပယ်ခံခဲ့တာဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly