ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းများကို စစ်ဆေးသည့်ကိစ္စ မှန်ကန်ကြောင်း ဒုညွှန်မှူးရှင်း

ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းများကို စစ်ဆေးသည့်ကိစ္စ မှန်ကန်ကြောင်း ဒုညွှန်မှူးရှင်း

လူမှုကွန်ယက် စာမျက်နှာတွင် ပျံ့နှံ့နေတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဝန်ထမ်းတွေကို တိုက်ခန်းလျောက်လွှာကိစ္စ မေးမြန်းစစ်ဆေးနေတယ်ဆိုတာ မှန်ကန်ကြောင်းနဲ့ တိုင်ကြားစာပါ အချက်အချို့က လွှဲမှားနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန စီမံကိန်း နှင့် စာရင်းအင်းဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဦးရန်နောင်က မဇ္ဈိမကို စာပို့စာ ရှင်းလင်းစာ တစ်စောင် ပေးပို့ထားပါတယ်။ 

ရှင်းလင်းချက် အပြည့်အစုံကတော့ ... 

"ရှင်းလင်းအသိပေးခြင်း"

ကျွန်တော့်အနေနဲ့ လူမှုကွန်ယက်မှာဖေါ်ပြခြင်းခံနေရတဲ့
တိုက်ခန်းလျှောက်လွှာကိစ္စ တိုင်စာမှာပါရှိတဲ့အမည်စာရင်း
ထိပ်ဆုံးမှာ ပါရှိနေတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်း
အသိပေးလိုပါတယ် -

(၁) စိတ္တရမဟီတိုက်ခန်းများကို ချပေးခြင်းနဲ့ပတ်သက်ပြီး
လူမှုကွန်ယက်စာမျက်နှာတွေမှာဖေါ်ပြထားတဲ့စာပါအကြောင်း
အရာတစ်ခုအရ တာဝန်ရှိသူတွေကို
 မေးမြန်းစစ်ဆေးနေတယ်ဆိုတဲ့ကိစ္စဟာ မှန်ကန်ပါတယ်။

(၂) မေးမြန်းတယ်ဆိုရာမှာလည်း သက်ဆိုင်ရာဌာနတွေမှာ
တာဝန်ယူနေတဲ့အရာထမ်းအချို့  နဲ့အမှုထမ်းအချို့ ကို
လုပ်ထုံးလုပ်နည်းအရ မေးမြန်းစစ်ဆေးခြင်းသာ
ဖြစ်ပါတယ်။ ကျွန်တော်လဲ တာဝန်ရှိသူတစ်ယောက်အနေနဲ့
စစ်ဆေးအမေးမြန်းခံခဲ့ရပါတယ်။

(၃) ဒါပေမဲ့ ကျွန်တော်အပါအဝင် မေးမြန်းစစ်ဆေးခံရသူများကို
စုံစမ်းမေးမြန်းတဲ့ ဌာနဆိုင်ရာအကြီးအကဲတွေကဆဲဆိုကြိမ်းမောင်းခြင်း၊
ရာထူးလျော့ချမည်ဟု ကြိမ်းမောင်းခြင်းမျိုး မရှိပဲ ဆရာတပည့်ဆက်ဆံ
ရေးမျိုး  ပုံစံဖြင့်သာ ခေါ်ယူမေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။

(၄) လူမှုကွန်ယက်နဲ့ မီဒီယာအချို့မှာခေါင်းစဉ် တပ်သလို
"အစစ်ဆေးခံရသူများက သမ္မတကြီးထံတိုင်စာပို့ခြင်း"ဆိုသည်မှာ
လုံးဝမမှန်ကန်ပါ၊

(၅) ကျွန်တော့်အနေနဲ့ တပ်မတော်မှအရပ်ဘက်ဝန်ကြီးဌာနသို့
ပြောင်းရွှေ့လာခဲ့တဲ့ (၉) နှစ်နီးပါးကြာကာလအတွင်း တာဝန်
ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးဌာနက အင်ဂျင်နီယာအကြီးအကဲ၊
တပ်ဘက်နဲ့အရပ်ဘက်အကြီးအကဲများနဲ့ မိသားစု၊ ဆရာတပည့်
ဆက်ဆံရေးမျိုးရှိနေသလို အခုကိစ္စမှာစစ်ဆေးမေးမြန်းခံရတဲ့
ကျွန်တော်အပါအဝင်တပ်မတော်အရာရှိဟောင်းများ၊ အရပ်ဘက်ဝန်ထမ်း
များအားလုံးဟာလည်း ဌာနမှ အင်ဂျင်နီယာအကြီးအကဲများနဲ့
မိသားစု ၊ ဆရာတပည့်ဆက်ဆံရေး အားလုံးရှိပါတယ်။

(၆)  ဒါ့ကြောင့် လူမှုကွန်ယက်မှာရေးထားတဲ့တိုင်စာဟာ
ဖြစ်စဉ်အမှန်တစ်ခုကိုအခြေခံပြီး မှန်ကန်မှုမရှိတဲ့
အချက်တွေကိုထည့်သွင်းရေးသားထားတာကိုလေ့လာတွေ့ရှိရပါတယ်။
ဒါ့အပြင် ဌာနတွင်းစည်းလုံးညီညွတ်မှုနဲ့ အပြန်အလှန်လေးစား
မှုတွေကို ပျက်ပြားစေတဲ့ဘက်ကို ဦးတည်နေသလို
အထက်နဲ့အောက် မယုံသင်္ကာစိတ်
ဖြစ်ပေါ်စေအောင် ရည်ရွက်ချက်ရှိရှိနဲ့ လုပ်ကြံ ရေးသားထားတဲ့
ပစ်စာတစ်စောင်ဖြစ်တယ်လို့ သုံးသပ်ရပါတယ်။

(၇) သိလိုတာတွေရှိရင် ကျွန်တော့ကို မေးမြန်းစုံစမ်းနိုင်ပါတယ်

ရန်နောင်
ဒုတိယညွှန်ကြားရေးမှုး
စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ
ဝန်ကြီးရုံး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly