တရုတ်လူကုန်ကူးသူများ အာရှနိုင်ငံများအထိ ခြေဆန့်လာ

By ANI 
04 January 2023
တရုတ်လူကုန်ကူးသူများ အာရှနိုင်ငံများအထိ ခြေဆန့်လာ

တရုတ်လူကုန်ကူးသူများသည် ဆင်းရဲသောအာရှနိုင်ငံများကို ပစ်မှတ်ထားကာ အလုပ်ပေးမည်ဟူသော အကြောင်းပြချက်ဖြင့် တရုတ်သို့ ရွှေ့ပြောင်းရန် လှည့်ဖြားနေကြသလို အတင်းအကျပ်လက်ထပ်ခိုင်းခြင်း၊ ပြည့်တန်ဆာလုပ်ငန်း သို့မဟုတ် ကျွန်ပြုခြင်းနှင့် အခြားတရားမဝင်လုပ်ငန်းများအတွက် ရောင်းစားနေသည်ဟု Meta Khabar က ဖော်ပြလိုက်သည်။

တရုတ်သည် လူမှောင်ခိုကူးမှုများ အတားအဆီးမဲ့လုပ်ဆောင်ကာ ယခုအခါ နိုင်ငံနယ်နိမိတ်ပြင်ပအထိ ခြေဆန့်လာခဲ့သည်။ 
တရုတ်လူကုန်ကူးသူများ၏ ကွန်ရက်သည် မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံပြင်ပအထိ ဖြန့်ကြက်လာကြောင်း သုတေသနနှင့် သတင်းများက ထုတ်ဖော်ခဲ့ကြပြီး ရောင်းစားခံရသူများသည် ကိုယ်အင်္ဂါအစိတ်အပိုင်းများအတွက် တရုတ်တွင် အသတ်ခံရသည်ဆိုသည့် ကြောက်မက်ဖွယ်ကောင်းသော တိုင်ကြားမှုများလည်း ရှိနေသည်။
လတ်တလောဖြစ်ရပ်အနေဖြင့် နီပေါတွင် ဒေသဆိုင်ရာအာဏာပိုင်များက တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းဆီးခဲ့ သည်။
အဆိုပါတရုတ်နိုင်ငံသားများက နီပေါနိုင်ငံသား ၁၀ ဦးအား ပိုမိုကောင်းမွန်သော အလုပ်အကိုင်များ ရရှိမည်ဟု ကတိပြုခဲ့သော်လည်း နောက်ပိုင်းတွင် တရားမဝင်လုပ်ငန်းများ၌ခိုင်းစေခဲ့ကြောင်း Meta Khabar က ဖော်ပြခဲ့သည်။
" နီပေါကနေ တရုတ်ဆီ ခေါ်လာတဲ့ အမျိုးသမီးအများစုကို သတို့သမီးတွေအဖြစ်ပို့ခဲ့ပေမယ့် ပြည့်တန်ဆာအဖြစ် အတင်းအကျပ် ခိုင်းစေခဲ့တယ်လို့ ကယ်တင်ခံရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဆီကနေ စုံစမ်းသိရှိရပါတယ်” ဟု နီပေါလူကုန်ကူးမှုစုံစမ်းစစ်ဆေးရေးဗျူရိုမှ ရဲအရာရှိ ပရာဆက်ချောက်ဟာရီက ပြောကြားသည်။
နီပေါမိန်းကလေးများကို လက်ထပ်ထိမ်းမြားရန် အကြောင်းပြ၍ တရုတ်သို့ လူကုန်ကူးခဲ့ကာ အိမ်ဖော်နှင့် လိင်ကျွန်များအဖြစ် ခိုင်းစေခဲ့သော  လူ ၁၀ ဦးကို နီပေါရဲများက ၂၀၁၉ ခုနှစ်တွင် ဖမ်းဆီးခဲ့သည်။
တရုတ်နိုင်ငံရှိ နီပေါသံရုံးသည် လူကုန်ကူးခံရသည့် နီပေါနိုင်ငံသားများကို အကြိမ်ကြိမ် ကယ်တင်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly