အိန္ဒိယနှင့်ပါကစ္စတန်တို့  နျူကလီးယားအဆောက်အအုံစာရင်းများ ဖလှယ် 

By ANI 
04 January 2023
အိန္ဒိယနှင့်ပါကစ္စတန်တို့  နျူကလီးယားအဆောက်အအုံစာရင်းများ ဖလှယ် 

အိန္ဒိယနှင့် ပါကစ္စတန်သည် နှစ်နိုင်ငံအကြား ရေရှည်သဘောတူညီချက်နှင့်အညီ နျူကလီးယားအဆောက်အုံများစာရင်းကို နယူးဒေလီနှင့် အစ္စလာမာဘတ်မြို့တွင် သံတမန်လမ်းကြောင်း ဖြင့် ဇန်နဝါရီ ၁ ရက်က တစ်ပြိုင်နက်တည်း ဖလှယ်ခဲ့ကြသည်။ 

အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံကြား နျူကလီးယားအဆောက်အအုံများအား တိုက်ခိုက်မှုကို တားမြစ်ခြင်း သဘောတူညီချက်အရ စာရင်းအလှဲအလှယ် ပြုလုပ်ခြင်းဖြစ်သည်ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
“အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ နှစ်နိုင်ငံအကြား နျူကလီးယားအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုကိုတားမြစ်တဲ့ သဘောတူညီချက်အရ နျူကလီးယားအဆောက်အအုံ စာရင်းတွေကို နယူးဒေလီနဲ့ အစ္စလာမာဘတ်မြို့တို့မှာ သံတမန်နည်းလမ်းအရ လဲလှယ်ခဲ့ကြပါတယ်” ပြည်ပရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသဘောတူညီချက်သည် ၁၉၉၁ ခုနှစ် ဇန်နဝါရီ လ ၂၇ ရက်နေ့တွင် အသက်ဝင်ခဲ့ပြီး အိန္ဒိယနှင့် ပါကစ္စတန်တို့သည် အဆိုပါ သဘောတူညီချက်အရ နှစ်စဉ် ဇန်နဝါရီ လ ၁ ရက်နေ့တိုင်း နျူကလီးယား အဆောက်အအုံများအကြောင်း အချင်းချင်း အသိပေးရန် သဘောတူညီခဲ့ကြသည်။
နှစ်နိုင်ငံအကြား စာရင်းအလဲအလှယ်ပြုခြင်းမှာ ယခုအကြိမ်သည် ၃၂ ကြိမ်မြောက်ဖြစ်ပြီး ပထမဆုံးအကြိမ်ကို ၁၉၉၂ ခုနှစ် ဇန်နဝါရီက ပြုလုပ်ခဲ့သည်။  
အဆိုပါ သဘောတူညီချက်အရ နှစ်နိုင်ငံသည် ဇန်နဝါရီ ၁ ရက်တွင် နျူကလီးယားအဆောက်အအုံများရှိသည့် လတ္တီကျုနှင့် လောင်ဂျီကျု တည်နေရာများကို အသိပေးရမည်ဖြစ်သည်။ 
အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ထိန်းသိမ်းထားသည့် အရပ်သားအကျဉ်းသားများနှင့် ရေလုပ်သားစားရင်းများကိုလည်း နှစ်စဉ် ဖလှယ်ရန်လည်း သဘောတူထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly