တရုတ်နိုင်ငံတွင် အပြင်းဖျားသော ကိုဗစ်လူနာအရေအတွက် မြင့်တက်နေ

တရုတ်နိုင်ငံတွင် အပြင်းဖျားသော ကိုဗစ်လူနာအရေအတွက် မြင့်တက်နေ

ပေကျင်းမြို့နှင့် နိုင်ငံအနှံ့အပြားတွင် အပြင်းဖျားသော ကိုဗစ်လူနာအရေအတွက် မြင့်တက်လာခြင်းကြောင့် တရုတ်နိုင်ငံ၏ ဆေးဘက်ဆိုင်ရာစနစ်သည် စိုးရိမ်စရာဖြစ်လာကြောင်း NHK World က ဖော်ပြသည်။

တရုတ်တွင် ဒီဇင်ဘာ ၇ ရက်က တင်းကျပ်သော ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ လိုက်ပြီးနောက် ဒေသအများအပြားတွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှုမှာ လျင်မြန်စွာ ပျံ့နှံ့လျက်ရှိသည်။

ဆေးရုံများတွင် လူနာများပြည့်နှက်နေသော်လည်း တရုတ်အစိုးရက နိုင်ငံအတွင်း၌ ကိုဗစ်နှင့်ဆက်စပ်သော သေဆုံးမှုများကို ဆက်လက်ဖုံးကွယ်ထားသည်။ တရုတ်အစိုးရသည် ကိုဗစ်နှင့်ဆက်စပ်သော အမှန်တကယ်သေဆုံးသူအရေအတွက်ကို ဖုံးကွယ်ရန် အဆုတ်ရောင် ရောဂါနှင့်အသက်ရှူလမ်းကြောင်းပြဿနာကြောင့် ဖြစ်သော သေဆုံးများကိုသာ ကိုဗစ်ကြောင့်သေဆုံးမှုအဖြစ် ထည့်တွက်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက် ဆုံးဖြတ်ခဲ့သည်။

တရုတ်နိုင်ငံအတွင်းပိုင်းရှိ ပြည်နယ်များတွင် ထိုသို့သောလူနာအရေအတွက်မှာ မြင့်တက်နေပြီး ထိုပြည်နယ် များသည် ကိုဗစ်ရောဂါဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရန် ဆေးဘက်ပစ္စည်းနှင့် ဝန်ထမ်းအင်အား နည်းပါး နေသည်ဟု NHK World က ဖော်ပြထားသည်။

အန်ဟွေးပြည်နယ်မှ ဆေးရုံတစ်ရုံတွင် အရေးပေါ်ကုသဆောင်မှ ဝန်ထမ်းအားလုံးသည် ကိုဗစ်-၁၉ ကူးစက်ခံထားရသည်ဟု ဆိုသည်။ ထို့ပြင် နှစ်သစ်ကူးချိန်နီးကပ်လာသည်နှင့်အမျှ တရုတ်တွင် ကိုဗစ်ကူးစက်မှုအရေအတွက် ထပ်မံမြင့်တက် လာနိုင်ဖွယ်ရှိသည်။

ကာကွယ်ဆေးထိုးနှုန်းမြင့်မားသော်လည်း အိုမီခရွန်မျိုးကွဲအပေါ် Sinopharm နှင့် Coronovac ကာကွယ်ဆေး များ၏တုံ့ပြန်နိုင်မှု နည်းပါးသောကြောင့် နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ ကိုဗစ်ကူးစက်ခံရဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly