တရုတ်ဇီဝလက်နက်ရည်ရွယ်ချက်များအကြောင်းကို အမေရိကန်၏ ကိုဗစ်-၁၉ ဆိုင်ရာ ထောက်လှမ်းရေးအစီရင်ခံစာက ဖွင့်ချ

တရုတ်ဇီဝလက်နက်ရည်ရွယ်ချက်များအကြောင်းကို အမေရိကန်၏ ကိုဗစ်-၁၉ ဆိုင်ရာ ထောက်လှမ်းရေးအစီရင်ခံစာက ဖွင့်ချ

တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားမီ ကာလအတော်ကြာကပင် ၎င်း၏ ဇီဝလက်နက် ရည်မှန်းချက်များကို ထုတ်ဖော်ပြသခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။

အောက်လွှတ်တော်ထောက်လှမ်းရေးကော်မတီသည် ၂ နှစ်ကြာစုံစမ်းစစ်ဆေးမှုပြီးနောက် ကိုဗစ်-၁၉ ကပ်ရောဂါ အပေါ် ထောက်လှမ်းရေးအသိုင်းအဝိုင်း၏ တုံ့ပြန်မှုကို စစ်ဆေးထားသော လျှို့ဝှက်အဆင့် အစီရင်ခံစာ ကို ဒီဇင်ဘာ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။

“အမေရိကန် နိုင်ငံခြားရေးဌာနက တရုတ်ဟာ ထိုးစစ်ဆင်တဲ့ ဇီဝလက်နက် အစီအစဉ်ကိုလည်း လုပ်ဆောင် နေပြီး အထူးသဖြင့် တရုတ်အဖွဲ့အစည်း ၂ ခု ပါဝင်ပတ်သက်ဖွယ်ရှိပြီးတော့ ၁ ခုက Fifth Institute ဖြစ်တယ်” ဟု အမေရိကန်၏ အကဲဖြတ်ချက်ကို အမေရိန်နိုင်ငံခြားရေးဌာနက ၂၀၀၅ ခုနှစ်တွင် လူသိရှင်ကြားထုတ်ပြန်ခဲ့သည်။

ဇီဝနှင့်အဆိပ်သင့်လက်နက်ကွန်ဗင်းရှင်းကို လိုက်နာရသည့် ၂၀၀၆ ခုနှစ် ကြေငြာချက်တွင် တရုတ်က Fifth Institute သည် SARS ကိုရိုနာဗိုင်းရပ်စ်ကို အထူးသုတေသနပြုထားကြောင်း ဝန်ခံခဲ့သည်ဟု ဗျူဟာမြောက်ဆက်သွယ်ရေးဆိုင်ရာ အင်ဒို-ပစိဖိတ်စင်တာကို ကိုးကား၍ အစီရင်ခံစာ၌ ဖော်ပြထားသည်။

စစ်ဘက်ဆေးသိပ္ပံအကယ်ဒမီ (AMMS) မှ ၂၀၁၅ ခုနှစ်က ထုတ်ဝေသော " မျိုးရိုးဗီဇလက်နက်များအဖြစ် လူသားဖန်တီးထားသော ဗိုင်းရပ်စ်မျိုးစိတ်သစ်များနှင့် SARS ရောဂါ၏ ပုံမှန်မဟုတ်သော မူလဇာစ်မြစ်” ဟူသော စာအုပ်အကြောင်းကိုလည်း အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာက ရေးသားထားသည်။

စာအုပ်တွင် လက်နက်အဖြစ်အသုံးပြုမည့် လက်တွေ့မကျသောကိုရိုနာဗိုင်းရပ်စ်ကို ဖန်တီးနည်း၊ သမားရိုးကျဇီဝလက်နက်များနှင့် နှိုင်းယှဉ်ပါက ပိုမိုကျယ်ပြန့်စွာအသုံးပြုနိုင်သည့်အတိုင်းအတာနှင့် ထိုကဲ့သို့သော လက်တွေ့မဆန်သော ကိုရိုနာဗိုင်းရပ်များသည် သဘာဝအတိုင်းဖြစ်ပေါ်ခြင်းထက် အတုအယောင်ဖန်တီးထား သည်ဆိုသောအချက်ကို ငြင်းဆိုနိုင်ခြင်း၏အကျိုးကျေးဇူးများအကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ပေါ်ပေါက်ပြီး ၃ နှစ်ကြာသည်အထိ SARS-CoV-2 ဗိုင်းရပ်စ်သည် လူမှလူသို့ကူးစက်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးအဖြစ် မည်သို့ ပေါက်လာပုံကို ဆွေးနွေးနေကြဆဲဖြစ်သည်။

ကျွမ်းကျင်ပညာရှင်များက ဗိုင်းရပ်စ်၏ မူလအစနှင့် ပတ်သက်၍ အဓိက သီအိုရီနှစ်ခုကို တင်ပြခဲ့ကြသည်။ ပထမသီအိုရီမှာ SARS-CoV-2 သည် သဘာဝဖြစ်စဉ်အရ တိရစ္ဆာန်မှ လူသို့ကူးစက်မှုဖြစ်ပြီး ဒုတိယသီအိုရီမှာ သုတေသနနှင့်ပတ်သက်သည့် ဖြစ်ရပ်ကြောင့် ဗိုင်းရပ်စ်က လူကို ကူးစက်သည်ဟူသော အယူအဆဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required