ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်မှ မြေနေရာနှင့် အဆောက်အအုံ အငှားချထားမည်

ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်မှ မြေနေရာနှင့် အဆောက်အအုံ အငှားချထားမည်

မတ်လ ၁၀ ရက် ။          ။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်းမှ စုစုပေါင်းဧရိယာ ၃ ဒသမ ၂၈ ဧက မြေနေရာနှင့် အဆောက်အအုံအား မတ်လ ၁၇ ရက်နေ့တွင် အငှားချထားမည်ဟု သိရသည်။

လေလံစနစ်ဖြင့် အငှားချမည့် ယင်းစုစုပေါင်းမြေဧရိယာအတွင်း၌ ပင်မအဆောက်အုံဝင်းဧရိယာ ၂ ဒသမ ၇ ဧက၊ တောင်ကုန်းဧရိယာ ၀ ဒသမ ၇၆ ဧက၊ ကားပါကင်ဧရိယာ ၀ ဒသမ ၁၀ ဧက၊ လုံခြုံရေးဂိတ် ၀ ဒသမ ၀၁ ဧက၊ မုန့်ဖိုနှင့် ဂိုဒေါင်ဝင်း ဧရိယာ ၀ ဒသမ ၃၄ ဧက တို့ပါဝင်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ လေလံတင်ရောင်းချရေးအဖွဲ့ က မတ်လ ၁၀ ရက် ထုတ် မြန်မာ့အလင်းသတင်းစာ၌ ကြေညာချက် ထည့်သွင်း ဖော်ပြထားခြင်းဖြစ်ပြီး မတ်လ ၁၇ ရက်နေ့ န့နက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အစည်းအဝေးခန်းမ (၃) ၌ လေလံတင်မည်ဟု ဆိုသည်။

လေလံစည်းကမ်းချက်နှင့် လျှောက်လွှာပုံစံများကို ဦးဥတ္တမပန်းခြံအတွင်းရှိ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ရုံးချုပ်တွင် ဝယ်ယူလျှောက်ထားရမည်ဖြစ်သည်။ လေလံရက်မတိုင်မီ တစ်ရက်အလို မတ်လ ၁၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီအထိ ဝယ်ယူနိုင်သည်။

အသေးစိတ် သိလိုပါက ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ရုံးချုပ်သို့ဖြစ်စေ၊ ဖုန်း ၀၁ ၃၇၁၀၀၃ သို့ဖြစ်စေ စုံစမ်းနိုင်သည်ဟုလည်း ကြေညာချက်က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly