ပါကစ္စတန်တွင် လူကုန်ကူးမှုဖြစ်စဉ်များ ဖြစ်ပွားမှု မြင့်တက်နေ

ပါကစ္စတန်တွင် လူကုန်ကူးမှုဖြစ်စဉ်များ ဖြစ်ပွားမှု မြင့်တက်နေ

ပါကစ္စတန်နိုင်ငံတွင် လူကုန်ကူးမှုများနှင့်ပတ်သက်ပြီး ထိန်းသိမ်းကြပ်မတ်ရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်စေ သို့မဟုတ် လူကုန်ကူးသူများက နိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် အလုပ်လက်မဲ့ဖြစ်မှုများအပေါ် အခွင့်ကောင်း ယူ အသုံးချနိုင်ခြင်းကြောင့်ဖြစ်စေ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အဆိုပါနိုင်ငံ၌ လူကုန်ကူးမှုဖြစ်စဉ်များက တစ်ဟုန်ထိုး မြင့်တက်နေခဲ့သည်။

ပြီးခဲ့သည့် သုံးနှစ်အတွင်း အမျိုးသား၊ အမျိုးသမီး၊ ကလေးနှင့် လိင်ပြောင်းထားသူများသည် လူကုန်ကူးသူများ၏ သားကောင်များအဖြစ် ကျရောက်ခဲ့ရကြောင်း ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (FIA) က ရရှိသော ဒေတာအချက်အလက်များအရ သိရသည်။

ထို့ပြင် လူကုန်ကူးမှု ပိုမိုဖြစ်ပွားလာခြင်းကို ကိန်းဂဏန်းအချက်အလက်များက ပြသနေသလို နယ်စပ် ဖြတ်ကျော်၍ ပါကစ္စတန်နိုင်ငံသားများကို တရားမဝင် ပို့ဆောင်ကာ ငွေကြေးအကျိုးအမြတ်အတွက် အမြတ်ထုတ်အသုံးချမှုများက မြင့်တက်နေသည်ကို တွေ့ရသည်။

ဥပမာအားဖြင့် နိုင်ငံ၏ လူဦးရေ အသိပ်သည်းဆုံးပြည်နယ်ဖြစ်သည့် ပန်ဂျပ်ပြည်နယ်တွင် သတင်းထုတ်ပြန်ခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ် ၆ ခုသာ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ဖြစ်စဉ်ပေါင်း ၂၁၇ ခု အထိ မြင့်တက်ခဲ့သည့်အတွက် ၃၅၁၇ ရာခိုင်နှုန်းအထိ ထိုးတက်ခဲ့သည်။

အလားတူ ဆင်းဒ်ပြည်နယ်တွင်လည်း ၂၀၂၀ ပြည့်နှစ်က လူကုန်ကူးမှုဖြစ်စဉ် ၆ ခု သာရှိခဲ့ရာမှ ယခုနှစ်တွင် ဖြစ်စဉ်ပေါင်း ၄၃၄ ခု အထိ ရှိနေသည့်အတွက် ၇၀၀၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly