နယူးကာဆယ်နှင့် သုံးနှစ်စာချုပ် ချုပ်ဆိုရန် ဘင်နီတက်ဇ် သဘောတူညီခဲ့ပြီဟု သတင်းထွက်ပေါ်

နယူးကာဆယ်နှင့် သုံးနှစ်စာချုပ် ချုပ်ဆိုရန် ဘင်နီတက်ဇ် သဘောတူညီခဲ့ပြီဟု သတင်းထွက်ပေါ်

မတ် ၁၀၊ အင်္ဂလန် ။         ။ စပိန်လူမျိုးနည်းပြ ရာဖေးဘင်နီတက်ဇ်သည် နယူးကာဆယ်အသင်းနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဟု စပိန်ရေဒီယိုသတင်းဌာန Cadena Copa က ကြေညာသွားခဲ့သည်။

နယူးကာဆယ်အသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာသို့ ရောက်ရှိနေသည့်အတွက် နည်းပြ မက္ကလာရင်၏နေရာတွင် နည်းပြသစ်ခန့်အပ်မည်ဟု သတင်းများထွက်ပေါ်နေပြီး ဘင်နီတက်ဇ်မှာ ထိုနေရာအတွက် ရေပန်းအစားဆုံး ဖြစ်နေသူ ဖြစ်သည်။

လာမည့် တနင်္လာနေ့တွင် ယှဉ်ပြိုင်ရမည့် လက်စတာနှင့်ပွဲစဉ်မတိုင်မှ ဘင်နီတက်ဇ်နှင့် နယူးကာဆယ်တို့ တရားဝင်စာချုပ် ချုပ်ဆိုမည် ဖြစ်ကြောင်းလည်း ထိုသတင်းဌာနက ဆိုသည်။

လက်ရှိ နည်းပြ မက္ကလာရင်သည် ဗုဒ္ဓဟူးနေ့က နယူးကာဆယ်အသင်းပိုင်ရှင်နှင့် ဖုန်းပြောဆိုခဲ့သည်ဟု သတင်းများထွက်ခဲ့သော်လည်း မက္ကလာရင်ဘက်မှ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးပေ။

ဘင်နီတက်ဇ်သည် ယခုနှစ်ရာသီအစောပိုင်းက ရီးယဲလ်အသင်းမှ ထုတ်ပယ်ခံခဲ့ရသူဖြစ်သော်လည်း ပရီးမီးယားလိဂ်နှင့် ဥရောပအတွေ့ကြုံများစွာရှိသည့် နည်းပြကောင်းတစ်ဦးဖြစ်သည့်အတွက် နယူးကာဆယ်ပရိသတ်များအဖို့ သတင်းကောင်းဖြစ်ကြောင်း အဆိုပါ စပိန်ရေဒီယိုသတင်းဌာနက ဆိုထားသည်။

Ref: 101greatgoals

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly