တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်တွင် ကိုဗစ်ကူးစက်မှုမြင့်တက်ခြင်းကြောင့် ထုတ်လုပ်ရောင်းချမှုအပေါ် စိုးရိမ်စရာဖြစ်လာ

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်တွင် ကိုဗစ်ကူးစက်မှုမြင့်တက်ခြင်းကြောင့် ထုတ်လုပ်ရောင်းချမှုအပေါ် စိုးရိမ်စရာဖြစ်လာ

တရုတ်နိုင်ငံရှိ ကုန်ထုတ်လုပ်မှုဗဟိုချက်ဖြစ်သော ကျဲ့ကျန်းပြည်နယ်တွင် တစ်နေ့တည်း၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁ သန်းခန့်ရှိနေပြီး အဆိုပါအခြေအနေက ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအပေါ် သက်ရောက်မှုနှင့် ပတ်သက်၍ ပြည်သူများအကြား စိုးရိမ်မှုများ ဖြစ်လာစေကြောင်း Nikkei Asiaကဖော်ပြခဲ့သည်။

ရှန်ဟိုင်းအနီးတွင် ရှိသော ကျဲ့ကျန်းပြည်နယ်တွင် လူဦးရေ ၆၅ သန်းခန့်ရှိသည်။ အဓိကမြို့ကြီးဖြစ်သည့် ဟန်ကျိုးတွင် တရုတ်နိုင်ငံ၏အကြီးဆုံးအွန်လိုင်းကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီ Alibaba Group Holdingနှင့် တခြားနည်းပညာကုမ္ပဏီများရှိသည်။

ကျဲ့ကျန်းပြည်နယ်သည် Appleထုတ်ကုန်များထုတ်လုပ်သည့် ကုမ္ပဏီများအပြင် ဂျပန်မော်တော်ကားထုတ်လုပ်သူ Nidecနှင့် တခြား နိုင်ငံခြားကုန်ထုတ်လုပ်ငန်း များစွာရှိသည်။

တရုတ်တွင် နေ့စဉ် ရောဂါကူးစက်သူ ၁ သန်းခန့်ရှိနိုင်ပြီး ကျဲ့ကျန်းမှ ပေါက်ကြားမှုများအရ အရေအတွက်မှာ ပိုမိုများပြားနိုင်ကြောင်း ဗြိတိန်သုတေသီအဖွဲ့ Airfinity၏ ဒီဇင်ဘာ ၂၈ ရက်ထုတ် အစီရင်ခံစာကို ကိုးကား၍ Nikkei Asiaကဖော်ပြခဲ့သည်။

ကွမ်တုန်းပြည်နယ် ဒေါင်ကွမ်းမြို့တွင် နေ့စဉ် ဖျားနာမှုပေါင်း ၂၅၀ ၀၀၀ မှ ၃၀၀ ၀၀၀ အကြားရှိပြီး ရှန်တုန်း ပြည်နယ်ရှိ ချင့်ဒေါင်တွင်လည်း နေ့စဉ်ကူးစက်သူ ၄၉၀ ၀၀၀ မှာ ၅၃၀ ၀၀၀ အထိရှိကြောင်း ဒီဇင်ဘာ ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။ သို့သော် ဗဟိုအစိုးရ၏ တရားဝင်အချက်အလက်များသည် မြန်ဆန်သော ကူးစက်ပျံ့နှံ့မှုကို မထင်ဟပ်သောကြောင့် ၎င်းတို့၏ထုတ်ပြန်ချက်အပေါ် စိုးရိမ်မှုများ ရှိလာကြသည်။

ကျဲ့ကျန်းပြည်နယ်အစိုးရက နှစ်သစ်ကူးမတိုင်မီတွင် နေ့စဉ်ကူးစက်မှုအရေအတွက် အမြင့်ဆုံးသို့ ရောက်နိုင်ဖွယ်ရှိပြီး ကိုဗစ်ကူးစက်သူ ၂ သန်းရှိလာနိုင်သည်ဟု ဒီဇင်ဘာ ၂၅ ရက်က ထုတ်ပြန်ခဲ့ကြောင်း Nikkei Asiaက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly