တရုတ်ကြောင့်ဖြစ်ပေါ်လာသည့်ဆိုးကျိုးများကိုလျော့ပါးစေရေးနည်းလမ်းများကို ဗီယက်နမ်ရှာဖွေနေ

တရုတ်ကြောင့်ဖြစ်ပေါ်လာသည့်ဆိုးကျိုးများကိုလျော့ပါးစေရေးနည်းလမ်းများကို ဗီယက်နမ်ရှာဖွေနေ

မလိုလားအပ်သောထိပ်တိုက်ရင်ဆိုင်မှုများကိုတားဆီးရေးအတွက်တရုတ်နှင့်ဆက်ဆံရေးကိုထိန်းသိမ်းခြင်းသည် ဗီယက်နမ်အတွက်ဦးစားပေးဖြစ်ပြီး တရုတ်၏ရန်လိုသည့်လုပ်ရပ်များကြောင့်ဖြစ်ပေါ်လာသည့် ရေတိုနှင့်ရေရှည်ဆိုးကျိုးများလျော့ပါးစေရေးနည်းလမ်းများကိုဗီယက်နမ်ကရှာဖွေနေကြောင်းThe Singapore Post တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့်သီတင်းပတ်ကဗီယက်နမ်ကနိုင်ငံစုံမှလက်နက်ရရှိစေရေးနှင့်ရုရှားကိုမမှီခိုရစေရေးအတွက် ပထမဆုံးကမ္ဘာလုံးဆိုင်ရာကာကွယ်ရေးပစ္စည်းပြပွဲကိုကျင်းပခဲ့ကြောင်းသတင်းတွင်ဖော်ပြထားသည်။

ပြပွဲကအမေရိကန်နှင့်အိန္ဒိယကဲ့သို့မဟာမိတ်များအားဗီယက်နမ်နှင့်စစ်ဘက်ဆိုင်ရာဆက်ဆံရေးကိုခိုင်မာစေရန်အခွင့်အလမ်းဖွင့်ပေးခဲ့သည့်အပြင်ဗီယက်နမ်လက်နက်ကိုင်တပ်ဖွဲ့များအဆင့်မြှင့်တင်ခြင်းနှင့်လက်နက်အင်အားအပြည့်တပ်ဆင်နိုင်ရေးကိုအလေးထားကြိုးပမ်းနေကြောင်းကိုတရုတ်အားသတိပေးခဲ့သည်။

တရုတ်ကိုဟန်ချက်ညီအောင်ဗီယက်နမ်ကထိန်းကျောင်းခြင်းကနိုင်ငံ၏အကျိုးစီးပွားကိုထိခိုက်သွားစေနိုင်သည်။

ဗီယက်နမ်ပြပွဲကဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒ၃ချက်နှင့်ကိုက်ညီသည်။ပြပွဲကခေတ်မီရေးနှင့်လက်နက်ထုတ်လုပ်မှုကိုပံ့ပိုးပေးသော်လည်းဗီယက်နမ်ကိုအခြားနိုင်ငံများနှင့်ချိတ်ဆက်ထားခြင်းမရှိပေ။

ဗီယက်နမ်၏ပိုင်နက်နယ်မြေသည်မြောက်ဘက်တွင်တရုတ်၊အနောက်ဘက်တွင်လာအိုတောင်တန်းများ၊ တောင်ဘက်တွင်ကမ္ဘောဒီးယားနှင့်အရှေ့ဘက်တွင်အငြင်းပွားနေသောပင်လယ်တို့ရှိသည်။

စစ်တပ်အဆင့်မြှင့်တင်ရေးနှင့်ရန်ပုံငွေပိုမိုထောက်ပံ့ရေးအတွက်အရင်းအမြစ်ပြတ်လပ်မှုကိုအဖြေရှာရန် ဗီယက်နမ်ကအမေရိကန်နှင့်တခြားနိုင်ငံများနှင့်အတူ၄နိုင်ငံလုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Quad) တွင်ပါဝင်ခြင်းဖြင့်ရေကြောင်းလုံခြုံရေးအတွက်ပူးပေါင်းဆောင်ရွက်မှုကိုဆက်လက်မြှင့်တင်သင့်ကြောင်းသတင်းတွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly