ရင်းနှီးမြှုပ်နှံသူများ တရုတ်မှထွက်ခွာရန် ထိုင်ဝမ်ဝန်ကြီးချုပ်ဟောင်း တောင်းဆို

ရင်းနှီးမြှုပ်နှံသူများ တရုတ်မှထွက်ခွာရန် ထိုင်ဝမ်ဝန်ကြီးချုပ်ဟောင်း တောင်းဆို

တရုတ်တွင်လုပ်ကိုင်နေသည့်လုပ်ငန်းများကိုအခြားဈေးကွက်များသို့ပြောင်းရွှေ့ရန်ထိုင်ဝမ်ရင်းနှီးမြှုပ်နှံသူများကိုထိုင်ဝမ်ဝန်ကြီးချုပ်ဟောင်းနှင့်၂၀၂၂ခုနှစ် ရေလက်ကြားဖြတ်ကျော်ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ်များ ဆွေးနွေးပွဲ (CSCS) ၏ပူးတွဲဥက္ကဋ္ဌဖြစ်သူလျှိုချောင်စွမ်ကဒီဇင်ဘာ၂၁ရက်ကတောင်းဆိုလိုက်သည်။

တင်းကျပ်သောကိုဗစ်-၁၉ပိတ်ဆို့ကန့်သတ်မှုများ၊လျှပ်စစ်ဓာတ်အားခွဲတမ်းဖြင့်ရရှိမှု၊ တင်းကျပ်သော သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးစည်းမျဉ်းများနှင့်ဘဏ္ဍာရေးဆိုင်ရာပြဿနာများကြောင့်မကြာသေးမီနှစ်များအတွင်းထိုင်ဝမ်ရင်းနှီးမြှုပ်နှံသူများသည်တရုတ်တွင်လုပ်ငန်းဆောင်ရွက်ရာတွင်အခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရ ကြောင်းလျှိုကပြောကြားခဲ့သည်။ ယင်းအခက်အခဲများကထုတ်လုပ်မှုစရိတ်ပိုမိုကုန်ကျစေခြင်း၊အရေးကြီးသောအချက်များကိုထိခိုက်စေခြင်း၊နေ့စဉ်လုပ်ငန်းဆောင်တာများတွင်ပြဿနာများဖြစ်ပေါ်နေခြင်း၊ဝန်ထမ်းများနှင့်ကုန်ပစ္စည်းများရွေ့လျားမှုကိုအဟန့် အတားဖြစ်စေကြောင်းလျှိုကပြောကြားခဲ့သည်။

ထုတ်လုပ်မှု၊ထောက်ပံ့ပို့ဆောင်ရေးနှင့်ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းစဉ်အပေါ်အကျိုးသက်ရောက်မှု ကြောင့်တရုတ်မှအခြားနိုင်ငံများသို့ထွက်ခွာရန်စီစဉ်နေသည့်ထိုင်ဝမ်ရင်းနှီးမြှုပ်နှံသူအရေအတွက်ပိုများလာ ကြောင်းလျှိုကပြောကြားခဲ့သည်။

ယင်းပြဿနာများကိုဖြေရှင်းပြီးမှသာတရုတ်ရှိထိုင်ဝမ်ရင်းနှီးမြှုပ်နှံသူများ၏လုပ်ငန်းများတည်ငြိမ်လာမည်ဖြစ် ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ဖူ့ကျန့်ပြည်နယ်၊ရှားမင်းမြို့တွင်ဒီဇင်ဘာ၂၀ရက်ပြီးဆုံးသွားခဲ့သည့်၂၀၂၂ခုနှစ်ရေလက်ကြားဖြတ် ကျော်ဒေသဆိုင်ရာအမှုဆောင်အရာရှိချုပ်များဆွေးနွေးပွဲ (CSCS) တွင်ထိုင်ဝမ်ရင်းနှီးမြှုပ်သူများက တိုက်ရိုက်လေကြောင်းလိုင်းနှင့် ခရီးစဉ်အရေအတွက်ပိုမိုပျံသန်းရန်တိုက်တွန်းခဲ့ကြောင်းလျှိုကပြောကြားခဲ့သည်။

ကိုဗစ်-၁၉နှင့်ပတ်သက်၍စိုးရိမ်မှုများကြောင့်ထိုင်ဝမ်ရေလက်ကြားဖြတ်ကျော် လေကြောင်းလိုင်းများ ကို၂၀၂၀ပြည့်နှစ်ဖေဖော်ဝါရီ၁၀ရက်မှစတင်၍တိုက်ရိုက်ပျံသန်းမှုများကိုရပ်ဆိုင်ခဲ့ကြောင်းထိုင်ဝမ်ဗဟိုကူးစက် ရောဂါကွပ်ကဲမှုဌာန (CECC) ကကြေညာခဲ့သည်။

ဒီဇင်ဘာလအစောပိုင်းတွင်ကူမင်တန်ပါတီ(KMT) ဥပဒေပြုအမတ်ဂျက်ဆီကာချန်က အသေးစားချိတ်ဆက်မှု၃ခု အစီအစဉ်အရ ခရီးသွားလာမှုအပိုင်းကိုပြန်လည်စတင်နိုင်ခြေကို ဆွေးနွေဒရန်ရှားမန်းမြို့တွင်တရုတ်အာဏာပိုင်များနှင့်တွေ့ဆုံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required