ထိုင်ဝမ်အစိုးရက၂၀၂၃ခုနှစ်ပထမနှစ်ဝက်တွင် ကနေဒါ၌ ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရန်စီစဉ်နေ

ထိုင်ဝမ်အစိုးရက၂၀၂၃ခုနှစ်ပထမနှစ်ဝက်တွင် ကနေဒါ၌ ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရန်စီစဉ်နေ

ထိုင်ဝမ်အစိုးရက၂၀၂၃ခုနှစ်ပထမနှစ်ဝက်တွင်ကနေဒါနိုင်ငံ၊မွန်ထရီအောမြို့တွင်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရန်စီစဉ်နေကြောင်းထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) မှတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ၂၂ရက်တွင် ပြောကြားလိုက်သည်။

MOFA ၏မြောက် အမေရိကရေးရာဌာနအကြီးအကဲ ဒေါက်ကလပ်စုက ကနေဒါတွင်ထိုင်ဝမ်၏စတုတ္ထမြောက်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ရေးအတွက်ပြင်ဆင်နေကြောင်းပြောကြားခဲ့သည်။

ထိုင်ဝမ်ကလက်ရှိတွင်ကနေဒါမြို့တော်အော့တဝါတွင်ကိုယ်စားလှယ်ရုံးချုပ်၊တိုရန်တိုနှင့်ဗင်ကူဗားတို့တွင်ရုံးခွဲများရှိသည်။

"၂၀၂၃ခုနှစ်ပထမနှစ်ဝက်မှာစီမံကိန်းတိုးတက်မှုတွေကိုတွေ့မြင်ရမယ်လို့မျှော်လင့်ထားပါတယ်" ဟုစုက သတင်းထောက်များအားသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

MOFA သည်ဒီဇင်ဘာ၂၀ရက်တွင် ရုံးဖွင့်မည့်အစီအစဉ်ကို ပထမဆုံးထုတ်ပြန်ကြေညာခဲ့သော်လည်း မည်သည့်အချိန်တွင်ဖွင့်လှစ်မည်ကိုပြောကြားခဲ့ခြင်းမရှိပေ။

ကနေဒါ၏ဒုတိယလူဦးရေအများဆုံးမွန်ထရီအောမြို့တွင်MOFA ရုံးခန်းအသစ်အတွက် အလားအလာရှိသောနေရာ၄ခုကိုတွေ့ရှိထားကြောင်းအဆိုပါကိစ္စနှင့်နီးစပ်သူတစ်ဦးကCNA သို့ဒီဇင်ဘာ၂၂ရက်တွင်ပြောကြားခဲ့သည်။

တိုင်ပေစီးပွားရေးနှင့်ယဉ်ကျေးမှုရုံး (TECO) ဟုအမည်ပေးထားသည့်မွန်ထရီအောရုံးတွင် တိုရွန်တိုနှင့်ဗန်ကူးဗားရှိရုံးခွဲ၂ခုကဲ့သို့ပင်ဝန်ထမ်း၁၀ဦးခန့်ရှိမည်ဖြစ်ကြောင်းသတင်းရင်းမြစ်ကဆိုသည်။

မွန်ထရီအောရုံးအတွက်ကနေဒါအစိုးရကလျင်မြန်စွာအတည်ပြုလိုက်ခြင်းကြောင့်နိုဝင်ဘာလကထုတ်ပြန်ခဲ့သည့်ကနေဒါ၏အင်ဒို-ပစိဖိတ်မဟာဗျူဟာ၏အစိတ်အပိုင်းတစ်ခုအဖြစ်ထိုင်ဝမ်ကိုပိုမိုအာရုံစိုက်လာသည်ကိုဖော်ပြနေကြောင်းသတင်းရင်းမြစ်ကမှန်းဆပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly