တရုတ်တွင် ဆေးရုံနှင့် သက်ဆိုင်သည့် အချက်အလက်များမရရှိခြင်းကြောင့် စိုးရိမ်မှုမြင့်တက်လာနေ

တရုတ်တွင် ဆေးရုံနှင့် သက်ဆိုင်သည့် အချက်အလက်များမရရှိခြင်းကြောင့် စိုးရိမ်မှုမြင့်တက်လာနေ

တရုတ်က ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကိုရုပ်သိမ်းပြီးနောက်ပိုင်းကိုဗစ်-၁၉ရောဂါကြောင့်ဆေးရုံတက်ရသူများနှင့်ပတ်သက်သည့် အချက်အလက်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကမရရှိခဲ့ခြင်းကြောင့်ရောဂါဖြစ်ပွားမှုအတိုင်းအတာနှင့်ပတ်သက်သည့်အချက်အလက်များကိုဖုံးကွယ်နိုင်မှုကြောင့်ကျန်းမာရေးကျွမ်းကျင်သူအချို့ကမေးခွန်းထုတ်နေကြသည်။

သို့သော်လည်းကိန်းဂဏန်းများကွာဟချက်မှာတရုတ်အာဏာပိုင်များ၏အချက်အလက်များဖြည့်ရန်အချိန်လုနေရ ခြင်းကြောင့်ဖြစ်နိုင်ကြောင်းWHO ကဆိုသည်။

ဒီဇင်ဘာ၄ရက်အထိကူးစက်ခံရသူ၂၈၈၅၉ဦးဖြင့်အရေအတွက်အများဆုံးရောက်ရှိနေကြောင်းWHO ကိန်းဂဏန်းဇယားကဖော်ပြခဲ့ပြီးလွန်ခဲ့သည့်၃နှစ်ကကိုဗစ်-၁၉စတင် ပေါ်ပေါက်လာပြီး နောက်ပိုင်းအများဆုံးဖြစ်ပြီးယင်းကိန်းဂဏန်းများတွင်နောက်ဆုံးအစီရင်ခံစာ၂စောင်မပါဝင်ခဲ့ပေ။

WHO ၏ပြောရေးဆိုခွင့်ရှိသူမာဂရက်ဟာရစ်ကတရုတ်သို့ အချက်အလက်များ အစီရင်ခံခြင်းနှင့်ပတ်သက်ပြီးတိုက်ရိုက်မေးခွန်းထုတ်ခဲ့သည်။

တရုတ်ကကိုဗစ်ရောဂါဖြစ်ပွားမှုကိုလျှော့ချဖော်ပြသည်ဟုအမြဲတမ်းစွပ်စွဲခံနေရပြီးသေဆုံးမှုနှင့်ပတ်သက်သည့်သတ်မှတ်ချက်အချို့ကြောင့်အချက်အလက်မှန်မရကြောင်းကျွမ်းကျင်သူအချို့ကဆိုသည်။

သေဆုံးသူအရေအတွက်ဆက်လက်များပြားနိုင်သဖြင့်တရုတ်ကကျန်းမာရေးစနစ်ကိုအားကောင်းစေရန်အချိန်လုလုပ်ဆောင်နေရကြောင်းတချို့ကခန့်မှန်းထားသည်။

WHO ကိုအနီးကပ်လေ့လာနေသောဂျော့တောင်းတက္ကသိုလ်မှဥပဒေပါမောက္ခလောရင့်ဂိုစတင်ကပျောက်ဆုံးနေသောအချက်အလက်ကိုအလွန်သံသယဖြစ်ကြောင်းဆိုခဲ့သည်။

နိုင်ငံများသည်ရောဂါဖြစ်ပွားမှုအတိုင်းအတာကိုဖုံးကွယ်ရန်မကြာခဏကြိုးစားလေ့ရှိသည်ဟုဥရောပတက္ကသိုလ်အဖွဲ့မှပြည်သူ့ကျန်းမာရေးပါမောက္ခစကော့ကပြောကြားခဲ့သည်။

WHO ၏အရေးပေါ်အခြေအနေအကြီးအကဲမိုက်ရန်ကဖြစ်နိုင်ချေရှိသောစွမ်းဆောင်ရည်ဆိုင်ရာပြဿနာများကို ထောက်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required