တရုတ်အစိုးရကချမှတ်ထားသောပိတ်ဆို့အရေးယူမှုများက လူများစွာ၏ စိတ်ကျန်းမာရေးကိုထိခိုက်စေ

တရုတ်အစိုးရကချမှတ်ထားသောပိတ်ဆို့အရေးယူမှုများက လူများစွာ၏ စိတ်ကျန်းမာရေးကိုထိခိုက်စေ

ကိုဗစ်-၁၉ထိန်းချုပ်ရေးအတွက်တရုတ်အစိုးရကချမှတ်ထားသောပိတ်ဆို့အရေးယူမှုများသည်နိုင်ငံသားများ အတွက် အန္တရာယ်ရှိနေကြောင်းဖော်ပြနေပြီးသန်းပေါင်းများစွာသောနိုင်ငံသားများသည်ပြင်းထန်သော စိတ်ကျန်းမာရေးဆိုင်ရာပြဿနာများကိုခံစားနေရကြောင်းပထဝီနိုင်ငံရေးနှင့်နိုင်ငံတကာဆက်ဆံရေးဆိုင်ရာလေ့လာမှုစင်တာကဆိုကြောင်းGeopolitica.info မှဖော်ပြခဲ့သည်။

တရုတ်ကျောင်းသားများနှင့်လူငယ်များဦးဆောင်သော နိုင်ငံအနှံ့ဖြစ်ပွားသည့် ဆန္ဒပြပွဲများ အပြီးတွင် အချို့နေရာများတွင်ပိတ်ဆို့ကန့်သတ်မှုများကိုဖြေလျှော့ပေးခဲ့သော်လည်းတချို့နေရာများတွင်ပြင်းထန်သော ကိုဗစ်ကန့်သတ်ချက်များရှိနေသေးသည်။

တရုတ်တွင်လူပေါင်း၅၄သန်းသည်စိတ်ကျဝေဒနာခံစားနေရပြီး၄၁သန်းခန့်သည်ကိုဗစ်အစီအမံများကြောင့် စိုးရိမ်သောကဝေဒနာခံစားနေရကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အစီရင်ခံစာကိုကိုးကား၍Geopoliticaကဖော်ပြခဲ့သည်။

ကိုဗစ်-၁၉ကိုပထမဆုံးတွေ့ရှိခဲ့သည့်ဝူဟန်မြို့တွင်၂၀၂၁ခုနှစ်နှင့်နှိုင်းယှဉ်ပါက ပထမ ၃ လပတ်အတွင်း မိမိကိုယ်ကို သတ်သေမှု ၇၉ရာခိုင်နှုန်း တိုးလာခဲ့သည်။

၂၀၂၂ခုနှစ်ဧပြီလကမြို့ကို ပိတ်ဆို့မှုများချမှတ်ပြီးနောက်လူပေါင်း၄၀ရာခိုင်နှုန်းကျော်သည် စိတ်ကျရောဂါဖြစ်နိုင် ခြေရှိသည်ကိုလေ့လာမှုတစ်ခုကတွေ့ရှိခဲ့ကြောင်းGeopoliticaကThe Economist မှသတင်းကို ကိုးကားဖော်ပြခဲ့သည်။

တရုတ်ရှာဖွေရေးအင်ဂျင်တစ်ခုဖြစ်သည့်Baiduတွင်စိတ်ကျန်းမာရေးနှင့်ပတ်သက်သည့်အင်တာနက် ရှာဖွေမှုများ၂၅၃ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ကြောင်းThe Economist သတင်းကို ကိုးကား၍Geopoliticaကဖော်ပြခဲ့သည်။

နိုင်ငံတွင်းရှိဆေးဘက်ဆိုင်ရာအဆောက်အအုံများသည်ယင်းပြဿနာများကိုမဖြေရှင်းပေးနိုင်ပေ။

တရုတ်တွင်စိတ်ရောဂါအထူးကုဆရာဝန်ဦးရေ၄၀,ဝဝဝကျော်သာရှိပြီး လူဦးရေတစ်သိန်းလျှင် စိတ်ရောဂါ အထူးကု ၃ဦးထက် နည်းပါးသည်။

စိတ်ရောဂါကုဆရာဝန်အများစုသည်ဖွံ့ဖြိုးတိုးတက်သည့်တရုတ်အရှေ့ဘက်ကမ်းရိုးတန်းဒေသတွင်အလုပ်လုပ် ကိုင်နေကြပြီးအနောက်ပိုင်းနှင့်အလယ်ပိုင်းဒေသများတွင်စိတ်ပိုင်းဆိုင်ရာရောဂါများကုသရေးအတွက်လိုအပ်ချက်များရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly