မြောက်ကိုရီးယားက တာတိုဒုံးကျည်နှစ်စင်း ပစ်လွှတ်ပြန်

မြောက်ကိုရီးယားက တာတိုဒုံးကျည်နှစ်စင်း ပစ်လွှတ်ပြန်

ဆိုးလ်၊ မတ် ၁၀ ။           ။ မြောက်ကိုရီးယားနိုင်ငံက တာတိုဖျက်အားပြင်းဒုံးကျည်နှစ်စင်းအား ပင်လယ်တွင်း ပစ်လွှတ်ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောသည်။

အရှေ့ဖက်ကမ်းတွင် ပစ်လွှတ်သည့် ယင်းဒုံးကျည်များသည် မိုင် ၃၁၀ အကွာခန့် အထိ ပစ်လွှတ်နိုင်ခဲ့ပြီး ပင်လယ်တွင်း ကျသွားခြင်းဖြစ်သည်။

ထိုသို့ပစ်လွှတ်ပြီး အချိန်ပိုင်းအတွင်း မြောက်ကိုရီးယားက ကိုးရီးယားပူးပေါင်းမှုစီမံကိန်းအားလုံးကို ပယ်ဖျက်ပစ်မည်ဖြစ်ကြောင်း၊ နိုင်ငံတွင်းက တောင်ကိုရီးယားပိုင်ဆိုင်မှုများကိုလည်း ဖျက်သိမ်းပစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

မြောက်ကိုရီးယားအတွင်း ရှိနေသည့် တောင်ကိုရီးယား၏ ပိုင်ဆိုင်မှုအများစုမှာ ကီဆောင်စက်မှုဇုန်ဖြစ်သည်။

မြောက်ကိုရီးယားက နောက်ဆုံးတာဝေးဒုံးပျံကို စမ်းသပ်ပစ်လွှတ်ပြီးနောက် နှစ်နိုင်ငံပူးတွဲဖွင့်လှစ်သည့် ကီဆောင်စက်မှုဇုန်မှ တောင်ကိုရီးယားက ဖေဖော်ဝါရီလအတွင်း ထွက်သွားခဲ့ခြင်းဖြစ်သည်။ ကီဆောင်စက်မှုဇုန်အား တောင်ကိုရီးယားဖက်က ပိတ်ပစ်ခြင်းသည် စစ်ကြေညာခြင်းဖြစ်ပြီး ကီဆောင်အား စစ်ဇုန်တစ်ခုဖြစ်စေပြီဟု မြောက်ကိုရီးယားဖက်က ပြောဆိုခဲ့သည်။

မတ် ၉ ရက်က မြောက်ကိုရီးယားသိပ္ပံပညာရှင်များက ဒုံးကျည်ပေါ် တင်ဆောင်ပစ်ခတ်နိုင်သည့် နျူကလီးယားအသေးစားထိပ်ဖူးအား တီထွင်ထားပြီးကြောင်း ခေါင်းဆောင် ကင်ဂျုံးအွန်က ပြောခဲ့သည်။

သို့သော် အသေးစား နျူကလီးယားထိပ်ဖူး မြောက်ကိုရီးယား အမှန်ပိုင်ဆိုင်ခြင်းအပေါ်တွင် ယုံရလောက်အောင် ကျိန်းသေမှုမရှိသေးကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly